တစ်မြို့လုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ကျောင်းဆရာမကိုသတ်ပြီး ဆိုင်ကယ်လုတဲ့သူတွေ မိပြီ

လွန်ခဲ့တဲ့ သုံးလလောက်က ကျိုက်မရောစံပယ်ဂူလမ်းဟောင်းမှာဖြစ်ခဲ့တဲ့ ဆိုင်ကယ်လု လူသတ်မှုဖြစ်စဉ်ပါ။

ကျောင်းဆရာမကိုသတ်ပြီး ဆိုင်ကယ်လုယူတဲ့ တရားခံကို မော်လမြိုင်ခရိုင် ဒ/န ရဲအုပ်စောကိုကိုအဖွဲ့က ဒီနေ့မှာ စုံစမ်းဖော်ထုတ်လိုက်နိုင်ပြီးဖြစ်တယ် ။

ဆိုင်ကယ်ကို လိုက်ရောင်းနေရာကနေ တရားခံကိုခြေရာခံဖမ်းမိတာပါ။

ကျနော်တို့လည်းဒီအမှုကို အမြန်ဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းတဲ့အထဲပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အပြစ်မဲ့တဲ့ မိန်းမသားတစ်ယောက်ကို ရယူလိုမှုတစ်ခုထဲနဲ့ လူမဆန်စွာသတ်လိုက်ကြလို့ဘဲ ။

ကိုယ်တွေကျိုက်မရောမြို့မှာ တခါမှမဖြစ်ဖူးတဲ့ လူသတ်မှုပါဘဲ ။ တမြို့လုံး တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။

မိန်းကလေးတွေအနေနဲ့ ဘယ်နေရာဘဲသွားသွား ကူဖော်လောင်ဖက် အဖော်လေးနဲ့သွားလာကြပါ။

ကိုယ်နဲ့မရင်းနှီးသေးတဲ့လမ်းတွေ မသွားတာကအကောင်းဆုံးပါ ။

တရားခံပုံတွေကိုဖွင့်ချပေးလိုက်ပါပြီး

ကိုလင်းထွန်း