သူ့ရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ ချစ်တဲ့စိတ်တွေကို စော်စော်ကားကားလာပြောတဲ့လူတစ်ချို့အား ပြတ်ပြတ်သားသားတုန့်ပြန်လိုက်တဲ့ စီနွန်

သူ့ရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ ချစ်တဲ့စိတ်တွေကို စော်စော်ကားကားလာပြောတဲ့လူတစ်ချို့အား ပြတ်ပြတ်သားသားတုန့်ပြန်လိုက်တဲ့ စီနွန််မပြေ

Sinonကတော့အားလုံးသိကြတဲ့အတိုင် းမြန်မာပြည်ကိုချစ်တဲ့ဖိလစ်ပိုင်လူမျိုးတစ်ယောက်ပါ။

ယခုသူကနိုင်ငံရေးမတည်ငြိမ်မှု့ကြောင့်သူရဲ့အမိနိုင်ငံကိုပြန်သွားခဲ့ရပေမယ့်မြန်မာကပြည်သူတွေအတွက်စိတ်ပူပန်နေခဲ့တာပါ။Sinonကနာမည်ကျော်မော်ဒယ်တစ်ယောက်ဖြစ်ပေမယ့်အသားမကြီး၊လူတန်းစားမခွဲခြားပဲဆက်ဆံတတ်တဲ့ သူပါ၊မြန်မာပြည်မှာနေထိုင်စဉ်ကလမ်းဘေးကမရှိဆင်းရဲသားတွေကိုအမြဲလှူဒါန်းမှု့တွေကိုပြုခဲ့သူပါ။သူ့ရဲ့ကိုယ်ချင်းစာပြီးကြင်နာတတ်တဲ့စိတ်လေးကမြန်မာပြည်သူတွေကိုသတိထားမိခဲ့စေတာလဲဖြစ်ပါတယ်၊Sinonရဲ့ရိုးသားတဲ့စိတ်လေးကြောင့်မြန်မာပရိတ်သတ်တွေကသူ့ကိုအချစ်ပိုခဲ့ကြ၊အားပေးခဲ့ကြတာပါ။Sinonကမြန်မာပြည်ကိုချစ်သလိုမြန်မာ နိုင်ငံရဲ့ရိုးရာဓလေ့တွေကိုလဲမြတ်နိုးတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။

မြန်မာပြည်အခက်ခဲဖြစ်နေချိန်ယခုလိုပြန်သွားရတဲ့

သူ့ကိုနားလည်ပေးဖို့သူ့ချစ်ပရိတ်သတ်တွေကိုပြောထားပါသေးတယ်။အမိနိုင်ငံမှာရှိနေပေမဲ့သူ့လုပ်နိုင်တဲ့အလှူအတန်းတွေကို မြန်မာပြည်သူတွေ ထံသိူ့ပေးပိူ့လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်၊အခုသူ့ရဲ့မီဒီယာမှာမြန်မာပြည်သူတွေအတွက်စိုးရိမ်တဲ့Statusအပေါ်ဝေဖန်မှု့ခံနေရတဲ့အပေါ် “မြန်မာပြည်ကလူတစ်ချို့ကကျတော့် Postsတွေအောက်မှာပြောကြတယ်မင်းမြန်မာကိုလွမ်းတယ်ဆိုပီးPostsတွေထိုင်တင်နေတာ ဟာဘာမှအထောက်အကူမပြုဘူးတဲ့ဒါပေမဲ့ကျတော်ပြောချင်ပါတယ်

ကျတော်ကျတော့်မှာရှိသမျှ အားအင်အကုန်နဲ့ကျတော်ချစ်တဲ့မြန်မာပြည်ကိုကူညီခဲ့ပါတယ်ရှေ့ဆက်လည်းကူညီသွားမှာပါကျတော့်မြန်မာကိုသတိရတာ အချစ်မပြတ်တာကတော့အမှန်ပါဘဲဗျာအဲ့လိုလာပြောနေတဲ့သူတွေသာမြန်မာပြည်သူပြည်သားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေဖို့အဓိကပါဗျာကျတော်ကတော့ကျတော့်အင်နဲ့အားနဲ့အဆုံးထိကူညီနေမှာပါ”လို့ပြတ်သား စွာတုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)