“အိမ်တွင် လက်သည်နှင့် ကလေးမီးဖွားရင်း မိခင်နဲ့ မွေးကင်းစ အမြွှာကလေး(၂)ယောက်လုံးသေဆုံးခဲ့ရ”

“အိမ်တွင် လက်သည်နှင့် ကလေးမီးဖွားရင်း မိခင်နဲ့ မွေးကင်းစ အမြွှာကလေး(၂)ယောက်လုံးသေဆုံးခဲ့ရ”

မိတ္ထီလာမြို့နန်းတော်ကုန်းရပ်ကွက် မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆေးရုံသို့သွားပေမဲ့ မိတ္ထီလာပြည်သူ့ဆေးရုံက မွေးပေးလို့မရဘူးပြောပြီး

နေပြည်တော်ကိုလွှဲလို့ အိမ်တွင် လက်သည်နှင့် ကလေးမီးဖွားရင်း မိခင်နဲ့ မွေးကင်းစ အမြွှာကလေး (၂)ယောက်လုံး ယနေ့မှာ သေဆုံးခဲ့ရကြောင်းသိရသည်။

ထို့နောက် ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကို Covid 19 Swab စစ်ရန် အကူအညီတောင်းရာအသင်းမှ လူနာတင်ကားများဖြင့် သွားရောက်၍ စစ်ပေးရာ ပိုးမတွေ့အဖြေ(Negative)ထွက်ရှိကြောင်းသိရပါသည်။

Photo-ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း

(ZAWGYI)





 
