ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက မကြောက်မရွံ့နဲ့လမ်းမပေါ်က အတားအဆီးတွေကို ဖယ်ရှားနေကြတဲ့ မန္တလေးကလူငယ်တွေရဲ့ ဗီဒီယိုဖိုင်

အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့တုန်းက မန္တလေးမြို့က ပြည်သူတွေဟာ အားမာန်အပြည့်နဲ့ ချီတတ်ပြီး အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို ယခုမှာလည်း သွေးမအေးဘဲ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက ယနေ့သြဂုတ်လ(၂၆)ရက်နေ့မှာလည်း အောင်မြေသာစံကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း၊မြတောင်သပိတ်စစ်ကြောင်း၊ မန္တလေး LGBTIQ သပိတ်စစ်ကြောင်းတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ယခုမှာတော့ မန္တလေးမြို့က လူငယ်လေးတွေဟာ အာဏာရှင်လူတစ်စုလာရောက်ပြီး ပိတ်ထားတဲ့ အတားအဆီးတွေကို အမြန်ဖယ်ရှားခဲ့ကြပါတယ်

မဟာအောင်မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်းက လူငယ်လေးတွေဟာ Covid ကိုအကြောင်းပြပြီး ပိတ်ပင်တားမြစ်ထားတဲ့ အတားအဆီးကို ဖယ်ရှားနေကြတာပဲဖြစ်ပါတယ်။ အတားအဆီးတွေကို ဖယ်ရှားခဲ့ကြတဲ့အပြင် “ငါတို့လမ်းငါတို့ပိုင်တယ် မတရားသောအမိန့်ဟူသမျှ ဖီဆန်ကြ “စတဲ့ စာတန်းပါဆိုင်းဘုတ်ကို အနီးနားမှာ ချိတ်ဆွဲခဲ့ကြတာပဲ ဖြစ်ပါတယ် ပိတ်ပင်တားဆီးမှုတွေ၊ ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေတဲ့ ကြားက မကြောက်မရွံ့နဲ့ အာဏာရှင်ကို ဆက်လက်တွန်းလှန်နေကြတဲ့ အဆိုပါလူငယ်လေးတွေရဲ့ စိတ်ဓာတ်ဟာ လေးစားစရာကောင်းလွန်းနေခဲ့ပါတယ်

သွေးမအေးသွားဘဲ ရရာနည်းလမ်းနဲ့ ဆက်လက်တွန်းလှန်နေကြတဲ့ အဆိုပါလူငယ်လေးတွေကို ဘေးကင်းကြစေဖို့ ပြည်သူတွေက ဆုတောင်းပေးနေကြပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ လူငယ်လေးတွေက “ငါတို့လမ်းငါတို့ပိုင်တယ်” နှင့် “မတရားသောအမိန့်ဟူသမျှ ဖီဆန်ကြ”စတဲ့ ခံယူချက်များနဲ့ ပိတ်ပင်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားခဲ့ကြတာပဲ ဖြစ်ပါတယ်။ပိတ်ထားတဲ့ လမ်းမပေါ်ကအတားအဆီးတွေကို အမြန်ဖယ်ရှားနေကြတဲ့ မန္တလေးမြို့က လူငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

Crd-Original Post

(ZAWGYI)

ပစ္ခတ္ဖမ္းဆီးမႈေတြရွိေနတဲ့ၾကားက မေၾကာက္မ႐ြံ႕နဲ႔လမ္းမေပၚက အတားအဆီးေတြကို ဖယ္ရွားေနၾကတဲ့ မႏၲေလးကလူငယ္ေတြရဲ႕ ဗီဒီယိုဖိုင္

အာဏာသိမ္းမႈ စတင္ျဖစ္ပြားခဲ့တုန္းက မႏၲေလးၿမိဳ႕က ျပည္သူေတြဟာ အားမာန္အျပည့္နဲ႔ ခ်ီတတ္ၿပီး အာဏာရွင္အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့သလို ယခုမွာလည္း ေသြးမေအးဘဲ နည္းလမ္းေပါင္းစုံနဲ႔ ဆက္လက္ဆႏၵျပေနၾကပါတယ္။ဖမ္းဆီးမႈေတြရွိေနတဲ့ၾကားက ယေန႔ၾသဂုတ္လ(၂၆)ရက္ေန႔မွာလည္း ေအာင္ေျမသာစံေက်ာင္းေပါင္းစုံ သပိတ္စစ္ေၾကာင္း၊ျမေတာင္သပိတ္စစ္ေၾကာင္း၊ မႏၲေလး LGBTIQ သပိတ္စစ္ေၾကာင္းေတြ ဆက္လက္ရွိေနခဲ့ပါတယ္။ယခုမွာေတာ့ မႏၲေလးၿမိဳ႕က လူငယ္ေလးေတြဟာ အာဏာရွင္လူတစ္စုလာေရာက္ၿပီး ပိတ္ထားတဲ့ အတားအဆီးေတြကို အျမန္ဖယ္ရွားခဲ့ၾကပါတယ္

 


မဟာေအာင္ေျမၿမိဳ႕နယ္ စုေပါင္းသပိတ္စစ္ေၾကာင္းက လူငယ္ေလးေတြဟာ Covid ကိုအေၾကာင္းျပၿပီး ပိတ္ပင္တားျမစ္ထားတဲ့ အတားအဆီးကို ဖယ္ရွားေနၾကတာပဲျဖစ္ပါတယ္။ အတားအဆီးေတြကို ဖယ္ရွားခဲ့ၾကတဲ့အျပင္ “ငါတို႔လမ္းငါတို႔ပိုင္တယ္ မတရားေသာအမိန္႔ဟူသမွ် ဖီဆန္ၾက “စတဲ့ စာတန္းပါဆိုင္းဘုတ္ကို အနီးနားမွာ ခ်ိတ္ဆြဲခဲ့ၾကတာပဲ ျဖစ္ပါတယ္ ပိတ္ပင္တားဆီးမႈေတြ၊ ပစ္ခတ္ဖမ္းဆီးမႈေတြရွိေနတဲ့ ၾကားက မေၾကာက္မ႐ြံ႕နဲ႔ အာဏာရွင္ကို ဆက္လက္တြန္းလွန္ေနၾကတဲ့ အဆိုပါလူငယ္ေလးေတြရဲ႕ စိတ္ဓာတ္ဟာ ေလးစားစရာေကာင္းလြန္းေနခဲ့ပါတယ္

ေသြးမေအးသြားဘဲ ရရာနည္းလမ္းနဲ႔ ဆက္လက္တြန္းလွန္ေနၾကတဲ့ အဆိုပါလူငယ္ေလးေတြကို ေဘးကင္းၾကေစဖို႔ ျပည္သူေတြက ဆုေတာင္းေပးေနၾကပါတယ္။ မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္အတြင္းရွိ လူငယ္ေလးေတြက “ငါတို႔လမ္းငါတို႔ပိုင္တယ္” ႏွင့္ “မတရားေသာအမိန္႔ဟူသမွ် ဖီဆန္ၾက”စတဲ့ ခံယူခ်က္မ်ားနဲ႔ ပိတ္ပင္ထားတဲ့ အတားအဆီးေတြကို ဖယ္ရွားခဲ့ၾကတာပဲ ျဖစ္ပါတယ္။ပိတ္ထားတဲ့ လမ္းမေပၚကအတားအဆီးေတြကို အျမန္ဖယ္ရွားေနၾကတဲ့ မႏၲေလးၿမိဳ႕က လူငယ္ေလးေတြရဲ႕ ဗီဒီယိုဖိုင္ကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္

Crd-Original Post