အသက် (19) နှစ်သာရှိသေးသော ပရဟိတလူငယ်လေးအား စကစ မှဖမ်းဆီးသွားကာ မိဘများဆီအလောင်းကို (၁၀)သိန်းဖြင့်လာရွေးခိုင်း

အသက် (19) နှစ်သာရှိသေးသော ပရဟိတလူငယ်လေးအား စကစ မှဖမ်းဆီးသွားကာ မိဘများဆီအလောင်းကို (၁၀)သိန်းဖြင့်လာရွေးခိုင်း

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဩဂုတ်လ ၂၂ ရက်နေ့ မြို့နယ် ထွေ/အုပ်ရုံး ဗုံးကွဲမှု ဖြစ်စဉ်အတွက် သံသယရှိသည်ဟုဆိုကာ ပရဟိတလူငယ် တစ်ဦး ဖြစ်သော အသက် ၁၉ နှစ်အရွယ် မောင်စန်းဝင်းအောင်ကို စစ်ကောင်စီတပ်များက စစ်ကြောရေးတွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် သတ်ဖြတ်လိုက်ပြီး အလောင်းကို ငွေကျပ် ၁၀ သိန်းဖြင့် ရွေးယူရန် မိသားစုထံ အကြောင်းကြားလာကြောင်း သိရှိရသည်။

“မောင်စန်းဝင်းအောင်က ကောင်းမှုဆောင် ပရဟိတအဖွဲ့က ။ မဆိုင်တဲ့လူငယ်တဦးကို ဖမ်းဆီးပြီး စစ်ကြောရေးလုပ်တာ အခု ဆုံးသွားပါပြီ။ သူက တောင်ဥက္ကလာပမြို့နယ် ၁၀ရပ်ကွက် အာသောက ၂၁လမ်းက ။

အခု dead bodyကို ဆယ်သိန်းနဲ့ ရွေးခိုင်းနေတယ်လို့ ကြားပါတယ်” ဟု မိသားစုနှင့် နီးစပ်သော မိတ်ဆွေတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် မောင်စန်းဝင်းအောင်ကို ဖမ်းဆီးပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ၎င်းကို မိခင်ဖြစ်သူထံ လာရောက် တွေ့ဆုံခွင့်ကန်တော့ခွင့်ပေးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်စန်းဝင်းအောင်ကို သတ်ဖြတ်ရန် ကြံရွယ်ချက်ရှိခဲ့ပုံ ရကြောင်း၊ မိခင်ဖြစ်သူကို နောက်ဆုံးကန်တော့ရန်နှင့် မှာစရာရှိသော နောက်ဆုံးစကားများ မှာကြားရန် ပြောဆိုခဲ့သည်ဟု သိရှိရသည်။

“ဩဂုတ်လ ၂၃ ရက်နေ့မှာ ကောင်လေး(မောင်စန်းဝင်းအောင်ကို) လက်ရော ခြေထောက်ရော လက်ထိပ် သံကြိုးတွေနဲ့ခတ်ပြီး သူ့အမေကို ကန်တော့ခိုင်းတယ်။ အဲဒီအချိန်မှာကတည်းက အရမ်းအရိုက်ခံထားရတာ လမ်းတောင် မလျှောက်နိုင်တော့ဘူး။စစ်သားတွေက မင်းအမေကို နောက်ဆုံး မှာချင်တာ မှာလို့ ပြောတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာပြောဆိုပြီး အမေကို ကန်တော့ခိုင်းတယ်။ သူတို့ဘက်က ကောင်လေးကို သတ်ဖို့ ရည်ရွယ်ထားပြီးသားဆိုတာ သိပါတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

Crd-Original Post

(ZAWGYI)

အသက္ (19) ႏွစ္သာရွိေသးေသာ ပရဟိတလူငယ္ေလးအား စကစ မွဖမ္းဆီးသြားကာ မိဘမ်ားဆီအေလာင္းကို (၁၀)သိန္းျဖင့္လာေ႐ြးခိုင္း

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဩဂုတ္လ ၂၂ ရက္ေန႔ ၿမိဳ႕နယ္ ေထြ/အုပ္႐ုံး ဗုံးကြဲမႈ ျဖစ္စဥ္အတြက္ သံသယရွိသည္ဟုဆိုကာ ပရဟိတလူငယ္ တစ္ဦး ျဖစ္ေသာ အသက္ ၁၉ ႏွစ္အ႐ြယ္ ေမာင္စန္းဝင္းေအာင္ကို စစ္ေကာင္စီတပ္မ်ားက စစ္ေၾကာေရးတြင္ ဩဂုတ္လ ၂၅ ရက္ေန႔တြင္ သတ္ျဖတ္လိုက္ၿပီး အေလာင္းကို ေငြက်ပ္ ၁၀ သိန္းျဖင့္ ေ႐ြးယူရန္ မိသားစုထံ အေၾကာင္းၾကားလာေၾကာင္း သိရွိရသည္။

“ေမာင္စန္းဝင္းေအာင္က ေကာင္းမႈေဆာင္ ပရဟိတအဖြဲ႕က ။ မဆိုင္တဲ့လူငယ္တဦးကို ဖမ္းဆီးၿပီး စစ္ေၾကာေရးလုပ္တာ အခု ဆုံးသြားပါၿပီ။ သူက ေတာင္ဥကၠလာပၿမိဳ႕နယ္ ၁၀ရပ္ကြက္ အာေသာက ၂၁လမ္းက ။

အခု dead bodyကို ဆယ္သိန္းနဲ႔ ေ႐ြးခိုင္းေနတယ္လို႔ ၾကားပါတယ္” ဟု မိသားစုႏွင့္ နီးစပ္ေသာ မိတ္ေဆြတစ္ဦးက ေျပာသည္။

ဩဂုတ္လ ၂၂ ရက္ေန႔တြင္ ေမာင္စန္းဝင္းေအာင္ကို ဖမ္းဆီးၿပီး ဩဂုတ္လ ၂၃ ရက္ေန႔တြင္ စစ္ေကာင္စီက ၎ကို မိခင္ျဖစ္သူထံ လာေရာက္ ေတြ႕ဆုံခြင့္ကန္ေတာ့ခြင့္ေပးခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေမာင္စန္းဝင္းေအာင္ကို သတ္ျဖတ္ရန္ ႀကံ႐ြယ္ခ်က္ရွိခဲ့ပုံ ရေၾကာင္း၊ မိခင္ျဖစ္သူကို ေနာက္ဆုံးကန္ေတာ့ရန္ႏွင့္ မွာစရာရွိေသာ ေနာက္ဆုံးစကားမ်ား မွာၾကားရန္ ေျပာဆိုခဲ့သည္ဟု သိရွိရသည္။

“ဩဂုတ္လ ၂၃ ရက္ေန႔မွာ ေကာင္ေလး(ေမာင္စန္းဝင္းေအာင္ကို) လက္ေရာ ေျခေထာက္ေရာ လက္ထိပ္ သံႀကိဳးေတြနဲ႔ခတ္ၿပီး သူ႔အေမကို ကန္ေတာ့ခိုင္းတယ္။ အဲဒီအခ်ိန္မွာကတည္းက အရမ္းအ႐ိုက္ခံထားရတာ လမ္းေတာင္ မေလွ်ာက္ႏိုင္ေတာ့ဘူး။စစ္သားေတြက မင္းအေမကို ေနာက္ဆုံး မွာခ်င္တာ မွာလို႔ ေျပာတယ္။ ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာေျပာဆိုၿပီး အေမကို ကန္ေတာ့ခိုင္းတယ္။ သူတို႔ဘက္က ေကာင္ေလးကို သတ္ဖို႔ ရည္႐ြယ္ထားၿပီးသားဆိုတာ သိပါတယ္ ” ဟု ေဒသခံတစ္ဦးက ဆိုသည္။

 

Crd-Original Post