ဖေဖေပြေတီဦးနဲ့မေမေအူဝဲတို့ထောင်ထဲရောက်နေချိန် ( ၆ )နှစ်ပြည့်မွေးနေ့အတွက်အလိုချင်ဆုံးဆုကိုထုတ်ပြောလာတဲ့သားလေးဖိုးဓီ

အကယ်ဒမီဆုရှင်အိန္ဒြာကျော်ဇင်ကတော့အနုပညာလောကမှာဒီနေ့ဒီအချိန်ထိထိပ်ဆုံးမှာရပ်တည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်

အိန္ဒြာကျော်ဇင်ကတော့အခုဆိုရင်သရုပ်ဆောင်ပြေတီဦးနဲ့သာယာတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားပြီးစီးပွားရေး၊

လူမှုရေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေလျက်ရှိသူတွေဖြစ်ပါတယ်

စီးပွားရေးလုပ်ငန်းတွေအဖြစ်သုဒြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့အီတလီနိုင်ငံထုတ် The Bridge အမှတ်တံဆိပ်လက်ကိုင်အိတ်တွေကိုမြန်မာနိုင်ငံမှာတစ်ဦးတည်းကိုယ်စားလှယ်ယူရောင်းချနေတာပဲဖြစ်ပြီ

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဟာပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားကြတဲ့အကယ်ဒမီဇနီးမောင်နှံတွေပဲဖြစ်ပါတယ်

အမြဲစိတ်တူကိုယ်တူနဲ့ရှိခဲ့ကြတဲ့သူတို့နှစ်ဦးဟာမြန်မာနိုင်ငံမှာဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကစတင်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့ကြပါတယ်

ဒါ အပြင်CDMဝန်ထမ်းတွေရဲ့လစာအတွက်ကိုလဲတာဝန်ယူဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်၊

ဒါကြောင့်မတရားအာဏာသိမ်းထားတဲ့စစ်ကောက်စီရဲ့အလိုချင်ဆုံး၂ဦးဖြစ်ခဲ့ရပါတယ်၊

ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရတာတဲ့အတွက်ထွက်ပြေးသိမ်းရှောင်ရင်းမိသားစုတွေကိုခြိမ်းခြောက်ကာလာရောက်အဖမ်းခံဖို့ပြောလာခဲ့တာကြောင့် ၂ဦးလုံးအဖမ်းခံလိုက်ရပါတယ်

ထွက်ပြေးတိမ်းရှောင်နေစဉ်မှာလည်းသားလေးနဲ့ သမီးလေးကိုတွေ့ခွင့်မရခဲ့ကြပါဘူး။သားသမီးတစ်ဖက်၊ပြည်သူတစ်ဖက်ယှဉ်လာခဲ့တဲ့အချိန်မှာပြည်သူတွေကိုဘဲရွေးချယ်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

နောက်ဆုံးအကြိမ်အဖြစ်သားနဲ့သမီးမျက်နှာလေးကိုအိမ်မှာလာရောက်တွေ့ခဲ့ရပီးအဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်

ဒီကနေ့ ဇွန်လ(၂၇)ရက်နေ့ကပြည်သူချစ်အနုပညာရှင်သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သားငယ်လေးဖိုးဓီရဲ့(၆နှစ်)ပြည့်မွေးနေ့ လေးပဲဖြစ်ပါတယ်။

မိဘတွေအနားမှာမရှိတော့အရမ်းအားငယ်နေမှာအသေချာပဲနော်။သားလေးဖိုးဓီကဒီကနေ့သား မွေးနေ့လေးမှာသားအလိုချင်ဆုံးမွေးနေ့လက် ဆောင်တောင်းပါဆိုရင်သားအလိုချင်ဆုံးက ဖေဖေနဲ့မေမေကိုသာအမြန်ဆုံးပြန်တွေ့ ချင်နေပါပြီဆိုပြီးဝမ်းနည်းစွာပြောလာတာပဲဖြစ်ပါတယ်

ဖိုးဓီလေးဒီနေ့မှာကျရောက်တဲ့မွေးနေ့မှစပြီး အသက်ရာကျော်ရှည်ပြီး၊ဖေဖေ၊မေမေတို့နဲ့အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးတဲ့ပရိသတ်တွေလည်းအများကြီးရှိနေပါတယ်။

အိန္ဒြာကျော်ဇင်တို့မိသားစုကိုချစ်ကြတဲ့ပရိသတ်ကြီးလည်းသားလေးကိုဆုတောင်းစကားလေးပြောပေးသွားကြပါအုံးနော်။
Crd-Original Post