မိတ်ဆွေဖြစ်သူ ဦးဆင်မအဖမ်းခံလိုက်ရတဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ Speak outလုပ်ပေးကာ လွှတ်ပေးဖို့တောင်းဆိုလိုက်တဲ့ ဂျပန်သတင်းထောက် Yuki Kitazumi

အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ သရုပ်ဆောင်ဦးဆင်မဟာ ယမန်နေ့ည ၁၀နာရီဝန်းကျင်ခန့်က အိမ်ထိလာရောက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ် ။ ဦးဆင်မဟာ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရခြင်းမရှိပေမယ့် NUG profile ချိန်းတဲ့အတွက် စာရင်းထုတ်ပြန်ခံထားရတဲ့ အနုပညာရှင်စာရင်းထဲမှာတော့ပါခဲ့တာဖြစ်ပါတယ်…..

ဦးဆင်မဖမ်းဆီးခံလိုက်ရတဲ့အတွက် အနုပညာရှင်အတော်များများလည်း စိတ်မကောင်းဖြစ်ကြတာပါ ။ အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ကိုလည်း ပရိသတ်တွေက‌မျှော်လင့်နေကြပြီး ဦးဆင်မတစ်ယောက် ဘေးအန္တရာယ်ကင်းစေဖို့ပါ ‌ဆုတောင်းပေးနေကြတာပါ။ ဂျပန်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Yuki Kitazumi ကလည်း ဦးဆင်မတစ်ယောက်အမြန်ဆုံးပြန်လည် လွတ်မြောက်လာဖို့အတွက်တောင်းဆိုခဲ့တာပါ။

Yuki Kitazumiဟာလည်း မြန်မာ့အရေးမှာတက်တက်ကြွကြွပါဝင်နေတဲ့သူဖြစ်ပြီး နှစ်ကြိမ်ဖမ်းဆီးခံထားရတဲ့ ဂျပန်သတင်းထောက်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်းအင်းစိန်ထောင်မှာ အကျဉ်းကျခံဖူးတာကြောင့် မိတ်ဆွေဖြစ်သူ ဦးဆင်မအတွက်စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Crd-Original Post