ဗဟိုဘဏ်နောက်ထုတ် ငွေစက္ကူအသစ်အချို့မှာ ဆေးသားပျက်

ဗဟိုဘဏ်နောက်ထုတ် ငွေစက္ကူအသစ်အချို့မှာ ဆေးသားပျက်

ဗဟိုဘဏ်က အသစ်ထပ်မံထုတ်ဝေပေးနေတဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူအသစ်တွေမှာ ဆေးသား ပျက်နေတဲ့ ငွေစက္ကူအချို့ပါ

ပါဝင်လာတာတွေ ဖြစ်ပေါ်နေတယ်လို့ လက်ဝယ်ရရှိသူတွေ ထံက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိ.မ်းယူပြီးနောက်မှာ ငွေကြေးအကြပ်အတည်းအတွက် ငွေစက္ကူအသစ်တွေကို ရိုက်ထုတ်နေတာမှာ

တစ်သောင်းကျပ်တန် ငွေစက္ကူတွေဟာနောက်ဆုံးထုတ်ဝေခဲ့တဲ့ ၁၀၀၀၀ ကျပ်ဆိုတဲ့ ခရမ်းပြာရောင် လုံခြုံရေးစည်းမြင့်မားတဲ့

ငွေစက္ကူတွေအစား ယခင်က ထုတ်ဝေခဲ့ဖူးတဲ့ တစ်သောင်းကျပ်တန်ရဲ့ ပုံစံအဟောင်းကိုသာ ထပ်မံထုတ်ဝေနေတာဖြစ်ပါတယ်။

အခုလို ထုတ်ဝေတဲ့ ငွေစက္ကူအသစ်တွေမှာ အချို့ငွေစက္ကူတွေဟာ ဆေးသားပျက်ပြယ်ပြီး ပါဝင်လာနေတာတွေပါ ရှိနေတယ်လို့

သိရပါတယ်။“အရင်ရက်က အရောင်းအဝယ်များနေတော့ ဘဏ်ထုတ်အသစ်တွေဆိုရင် တစ်ရွက်ချင်း မစစ်မိဘူး

အခုမှ အသုံးလိုလို့ ဖြည်သုံးမယ်ဆိုပြီး ကြည့်တော့ ဆေးသား ပျက်နေတဲ့ ပိုက်ဆံတွေပါ ပါနေတယ်၊

အတုလားလို့ သေချာစစ်ကြည့်တော့ အတုလည်းမဟုတ်ဘူး အစစ်တွေ အစစ်တွေမှာ ဆေးသားပျက်နေတာ

ဘယ်သွားပြပြီး ဘာလုပ်ရမှန်း မသိသေးဘူး” လို့ ဆေးသားပျက်နေတဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကို လက်ဝယ်ရရှိခဲ့သူ တစ်ဦးကပြောပါတယ်။

Crd-Original Post

(ZAWGYI)

ဗဟိုဘဏ္ေနာက္ထုတ္ ေငြစကၠဴအသစ္အခ်ိဳ႕မွာ ေဆးသားပ်က္

ဗဟိုဘဏ္က အသစ္ထပ္မံထုတ္ေဝေပးေနတဲ့ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအသစ္ေတြမွာ ေဆးသား ပ်က္ေနတဲ့ ေငြစကၠဴအခ်ိဳ႕ပါ

ပါဝင္လာတာေတြ ျဖစ္ေပၚေနတယ္လို႔ လက္ဝယ္ရရွိသူေတြ ထံက သိရပါတယ္။

အၾကမ္းဖက္စစ္အုပ္စုက အာဏာသိ.မ္းယူၿပီးေနာက္မွာ ေငြေၾကးအၾကပ္အတည္းအတြက္ ေငြစကၠဴအသစ္ေတြကို ႐ိုက္ထုတ္ေနတာမွာ

တစ္ေသာင္းက်ပ္တန္ ေငြစကၠဴေတြဟာေနာက္ဆုံးထုတ္ေဝခဲ့တဲ့ ၁၀၀၀၀ က်ပ္ဆိုတဲ့ ခရမ္းျပာေရာင္ လုံၿခဳံေရးစည္းျမင့္မားတဲ့

ေငြစကၠဴေတြအစား ယခင္က ထုတ္ေဝခဲ့ဖူးတဲ့ တစ္ေသာင္းက်ပ္တန္ရဲ႕ ပုံစံအေဟာင္းကိုသာ ထပ္မံထုတ္ေဝေနတာျဖစ္ပါတယ္။

အခုလို ထုတ္ေဝတဲ့ ေငြစကၠဴအသစ္ေတြမွာ အခ်ိဳ႕ေငြစကၠဴေတြဟာ ေဆးသားပ်က္ျပယ္ၿပီး ပါဝင္လာေနတာေတြပါ ရွိေနတယ္လို႔

သိရပါတယ္။

“အရင္ရက္က အေရာင္းအဝယ္မ်ားေနေတာ့ ဘဏ္ထုတ္အသစ္ေတြဆိုရင္ တစ္႐ြက္ခ်င္း မစစ္မိဘူး

အခုမွ အသုံးလိုလို႔ ျဖည္သုံးမယ္ဆိုၿပီး ၾကည့္ေတာ့ ေဆးသား ပ်က္ေနတဲ့ ပိုက္ဆံေတြပါ ပါေနတယ္၊

အတုလားလို႔ ေသခ်ာစစ္ၾကည့္ေတာ့ အတုလည္းမဟုတ္ဘူး အစစ္ေတြ အစစ္ေတြမွာ ေဆးသားပ်က္ေနတာ

ဘယ္သြားျပၿပီး ဘာလုပ္ရမွန္း မသိေသးဘူး” လို႔ ေဆးသားပ်က္ေနတဲ့ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴေတြကို လက္ဝယ္ရရွိခဲ့သူ တစ္ဦးကေျပာပါတယ္။

Crd-Original Post