မင်းကင်း ပြည်သူ့ကာကွယ်ရေး (PDF) “အထူးကွန်မန်ဒိုတပ်ရင်း” သင်တန်းဆင်းပါပြီ

မင်းကင်း ပြည်သူ့ကာကွယ်ရေး (PDF) “အထူးကွန်မန်ဒိုတပ်ရင်း” သင်တန်းဆင်းပါပြီ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တခုဖြစ်သည့် အထူးကွန်မန်ဒိုတပ်ရင်း သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယမန်နေ့ (ဩဂုတ် ၂၄ ရက်) က ပြုလုပ်ခဲ့ပြီး သင်တန်းကာလ ပြီးဆုံးပြီ ဖြစ်သဖြင့်နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်ဖွဲ့ဝင်များက ပြောသည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက “အဓိကကတော့ နယ်မြေစိုးမိုးရေးကို ပိုလုပ်ရမယ်။ မင်းကင်းမှာက ပျူးစောထီးတွေ အားကောင်းတဲ့ အခါကျတော့ ပျူးစောထီးတွေကို နှိမ်နင်းဖို့ရာ ရှိပြီးတော့

စစ်ကောင်စီတွေကိုလည်း နှိ.မ်နင်းဖို့ပေါ့။ အထူးကွန်မန်ဒို တပ်ရင်း အနေနဲ့ ပြောက်ကျားစနစ်နဲ့ တို.က်မယ်” ဟု ဆိုသည်။

မင်းကင်းမြို့နယ်တွင် ဇွန်လမှ စတင်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့ကြား တို.က်ပွဲများ ဖြစ်ပေါ်လျက်ရှိပြီး

ပျူစောထီးအဖွဲ့ဝင်များသည် စစ်ကောင်စီဘက်မှ ကူညီတို.က်ခို.က်ပေးနေမှုများ ရှိကြောင်း သိရသည်။ ဒ့ါအပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သင်တောကျေးရွာကို ဩဂုတ် ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေဝင်ရောက်ပြီး နေအိမ်တွေကို ဖျ.က်ဆီ.းသွားပြီး

အိမ်တွင်းပစ္စည်းတွေ၊ ရွှေ၊ ငွေနဲ့ လယ်ထွန်စက်နှစ်စီးပါ ယူဆောင်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သင်တောကျေးရွာနေ အမျိုးသမီးတစ်ဦးက “စစ်တပ်နဲ့ ပျူစောထီး ၁၀၀ လောက်လာတယ်။ ကျမတို့တတွေလည်း ရု.တ်တရက်ဆိုတော့ လူလုံးနဲ့ပဲ ထွက်ပြေးကြရတာပေါ့။

သူတို့ပြန်ထွက်သွားပြီးတော့မှ ကျမတို့ပြည်သူတွေက မိမိတို့ရဲ့ နေအိမ်တွေကို ပြန်လည်ဝင်ရောက်လာခဲ့ရတာ။ စစ်ကောင်စီတပ်က အိမ်တွေပါ ဖျ.က်ဆီ းသွားသလို အိမ်တွင်းပစ္စည်းတွေကိုလည်း ဖျ.က်ဆီ းမွှေနှောက်တာတွေ ပြုလုပ်သွားတာ။ ကျမတိုရွာက ရွှေ၊ ငွေနဲ့ ဖုန်းတွေပါ ယူသွားကြတယ်။

နောက်ပြီး ကျမတို့ သိန်း ၃၆၀ တန် ၅၂၅ လယ်ထွန်စက်နှစ်စီးပါ ယူသွားကြတာ။ အဲဒီယူသွားတဲ့ ထွန်စက်နဲ့ ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံအပင်တွေကို ဖျ.က်ဆီ းသွားကြပါတယ်” လို့ ပြောပါတယ်။ ယခုတစ်ကြိမ်ရောဆိုရင် စစ်ကောင်စီနဲ့ ပျူစောထီးတွေ ၃ ကြိမ်မြောက်ဝင်ရောက်ဖျက်ဆီးလုယူခြင်းခံခဲ့ရခြင်းဖြစ်သည်။

သင်တောကျေးရွာက အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၄၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး မုံရွာ၊ မင်းကင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေ ဆိုက်ရောက်တဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

Crd-Original Post