သူမပိုင်မြေ (၅)ဧကကျော်ကို ဆေးရုံဆောက်လုပ်ဖို့အတွက် အပြီးတိုင်စွန့်လွှတ်ပြီး လှူဒါန်းလိုက်တဲ့ အလှူရှင်မိသားစု
မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ လူမျိုးဘာသာမရွေးကတော့ အလှူအတန်းဆိုအရမ်းရက်ရောကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အရေးကြုံလာရင် သွေးနီးကြပြီး မိမိတို့မိသားစုဝင်လိုမျိုးသတ်မှတ်ကာ တတ်နိုင်သလော က်ကူညီပေးတာဖြစ်ပါတယ်

မြန်မာပြည်သူလူထုကလည်း ကိုဗစ်ပထမလှိုင်းကတည်းက စီးပွါးရေးတွေကြပ်တည်းသွားကြပေမယ့် အလှူရေစက်လက်နဲ့မကွာဘဲ စုဆောင်းထားတဲ့ထဲက မျှဝေလှူဒါန်းနေတာဖြစ်ပါတယ်။အခုကိုဗစ် တတိယလှိုင်းမှာ ပြည်သူ လူထုက

စည်းစည်းလုံးလုံးနဲ့ရောဂါဆိုးကို တိုက်ထုတ်နေကြတာဖြစ်ပါတယ်။ကိုဗစ် တတိယလှိုင်းမှာဆိုရင် လူနာတွေက အောက်ဆီဂျင်အရမ်းလိုအပ်တာကြောင့် တချို့အလှူရှင်တွေက အလှူငွေမတည်ပြီး အောက်ဆီဂျင်စက်ရုံတွေ ဆောက်လုပ်နေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အရှင်စန္ဒဇောတိက မော်လမြိုင်မြို့မှာ ဆေးရုံဆောက်လုပ်ဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။အလှူ ရှင်တွေကလည်း ဘုန်းဘုန်းထံမှာလိုအပ်တဲ့နေရာတွေအတွက် ရက်ရက်ရောရောလှူဒါန်းကြတာဖြစ်ပါတယ်။ ဆေးရုံဆောက်ဖို့အတွက်

မြေနေရာအကျယ်လိုအပ်တာကြောင့် စေတနာရှင်မိသားစုတစ်စုမှ လှူဒါန်းခဲ့တာဖြစ်ပါတယ်။လှူဒါန်းတဲ့မိသားစုကတော့ ဆေးရုံဆောက်လုပ်ဖို့အတွက် မြေဧက (၅.၁၄)ကို မော်လမြိုင်၊မင်းရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဘုန်းဘုန်းထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ လူ့အသက်တွေကိုကယ်တင်ဖို့အတွက်

ဆေးရုံဆောက်လုပ်တဲ့နေရာမှာ တတပ်တအားအနေနဲ့ မြေအကျယ်ကြီးကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး စေတနာသဒ္ဓါတရားထက်သန်တဲ့ အလှူရှင်မိသားစုရဲ့ ကုသိုလ်ကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုနိုင်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd-Original Post

(Zawgyi)








Crd-Original Post