အသုဘအခမ်းအနားကို ပန်းတွေနဲ့ အလှဆင်မဲ့အစား ခေါက်ဆွဲခြောက်နဲ့ ဆန်ကို အလှဆင်ပြီးလိုအပ်သူများအား ဖြန့်ဝေပေးခဲ့တဲ့ မိသားစု

အသုဘအခမ်းအနားကို ပန်းတွေနဲ့ အလှဆင်မဲ့အစား ခေါက်ဆွဲခြောက်နဲ့ ဆန်ကို အလှဆင်ပြီးလိုအပ်သူများအား ဖြန့်ဝေပေးခဲ့တဲ့ မိသားစု

မကြာသေးခင်က Nakhon Ratcgasima ပြည်နယ်ရှိ Nang Noi Setaputta လို့ခေါ်တဲ့ အသက် ၈၀ အရွယ်အမျိုးသမီးက ကွယ်လွန်သွားပြီး မီးသဂြိုဟ် ပြုလုပ်ခဲ့ပါတယ် ။

မီးသင်္ဂြိုဟ်ရာမှာ မီးသင်္ဂြိုဟ်ရာပတ်ပတ်လည်ရှိ လမ်းများကို ခေါက်ဆွဲခြောက်ထုပ်များနဲ့ အလှဆင်ထားခြင်း၊ ဆန်အိတ်များနဲ့ အလှဆင်ခြင်းဖြင့် ဖန်တီးပြုလုပ်ခဲ့ပါတယ် ။

Nakhon Ratchasima ပြည်နယ်၊ Johor ရဲစခန်းရဲ့ ရဲမှူးကြီး Kachen Setaputta ဟာ သေဆုံးသူရဲ့သားဖြစ်ပြီး သူ့ရဲ့အမေက ဆင်းရဲနွမ်းပါးသူများကို ကူညီတတ်တဲ့ အလေ့ရှိတယ်လို့ ဆိုပါတယ် ။

ဒါ့ကြောင့် မိသားစုတွေက သူမရဲ့ဈာပနမီးသဂြိုလ်ပွဲမှာ ပန်းတွေကို အလှဆင်မဲ့အစား အစားအစာတွေနဲ့ အလှဆင်ဖို့ စီစဥ်ပေးခဲ့တာပါ ။

ပန်းဆိုင် Mae Kim Heng ဈေးသစ်ကို ညှိနှိုင်းခြင်းဖြင့် မီးသဂြိုလ်ရန် ခေါက်ဆွဲခြောက်ထုပ် ၂,၀၀၀၊ ခေါက်ဆွဲခြောက်ဘူး ၆၀၀ နဲ့ ဆန် ၅ ကီလိုဂရမ် အိတ် ၈၀ ကို သုံးပြီး အလှဆင်ရန် ပြုလုပ်ခဲ့ပါတယ် ။

ဈာပနအပြီးမှာ မိသားစုက ခေါက်ဆွဲခြောက်များ နဲ့ ဆန်အိတ်များအားလုံးကို ဒုက္ခရောက်နေသူများနဲ့ COVID-19 ကပ်ရောဂါအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကို ပြန်လည်လှူဒါန်းရန် ဖြစ်ပါတယ် ။

Crd-Original Post

(ZAWGYI)

အသုဘအခမ္းအနားကို ပန္းေတြနဲ႔ အလွဆင္မဲ့အစား ေခါက္ဆြဲေျခာက္နဲ႔ ဆန္ကို အလွဆင္ၿပီးလိုအပ္သူမ်ားအား ျဖန႔္ေဝေပးခဲ့တဲ့ မိသားစု

မၾကာေသးခင္က Nakhon Ratcgasima ျပည္နယ္ရွိ Nang Noi Setaputta လို႔ေခၚတဲ့ အသက္ ၈၀ အ႐ြယ္အမ်ိဳးသမီးက ကြယ္လြန္သြားၿပီး မီးသၿဂိဳဟ္ ျပဳလုပ္ခဲ့ပါတယ္ ။

မီးသၿဂႋဳဟ္ရာမွာ မီးသၿဂႋဳဟ္ရာပတ္ပတ္လည္ရွိ လမ္းမ်ားကို ေခါက္ဆြဲေျခာက္ထုပ္မ်ားနဲ႔ အလွဆင္ထားျခင္း၊ ဆန္အိတ္မ်ားနဲ႔ အလွဆင္ျခင္းျဖင့္ ဖန္တီးျပဳလုပ္ခဲ့ပါတယ္ ။

Nakhon Ratchasima ျပည္နယ္၊ Johor ရဲစခန္းရဲ႕ ရဲမႉးႀကီး Kachen Setaputta ဟာ ေသဆုံးသူရဲ႕သားျဖစ္ၿပီး သူ႔ရဲ႕အေမက ဆင္းရဲႏြမ္းပါးသူမ်ားကို ကူညီတတ္တဲ့ အေလ့ရွိတယ္လို႔ ဆိုပါတယ္ ။

ဒါ့ေၾကာင့္ မိသားစုေတြက သူမရဲ႕ဈာပနမီးသၿဂိဳလ္ပြဲမွာ ပန္းေတြကို အလွဆင္မဲ့အစား အစားအစာေတြနဲ႔ အလွဆင္ဖို႔ စီစဥ္ေပးခဲ့တာပါ ။

ပန္းဆိုင္ Mae Kim Heng ေဈးသစ္ကို ညႇိႏႈိင္းျခင္းျဖင့္ မီးသၿဂိဳလ္ရန္ ေခါက္ဆြဲေျခာက္ထုပ္ ၂,၀၀၀၊ ေခါက္ဆြဲေျခာက္ဘူး ၆၀၀ နဲ႔ ဆန္ ၅ ကီလိုဂရမ္ အိတ္ ၈၀ ကို သုံးၿပီး အလွဆင္ရန္ ျပဳလုပ္ခဲ့ပါတယ္ ။

ဈာပနအၿပီးမွာ မိသားစုက ေခါက္ဆြဲေျခာက္မ်ား နဲ႔ ဆန္အိတ္မ်ားအားလုံးကို ဒုကၡေရာက္ေနသူမ်ားနဲ႔ COVID-19 ကပ္ေရာဂါအေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ သူေတြကို ျပန္လည္လႉဒါန္းရန္ ျဖစ္ပါတယ္ ။

Crd-Original Post