ရုံးပတီသီး၏ ကျန်းမာရေးအကျိူးကျေးဇူးများ

ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုပြီး မေးလာသူများအတွက် နည်းလမ်းရှာကြည့်လိုက်ရမှာ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်တဲ့ ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်ခု ရှာတွေ့လိုက်ပါတယ်။ အဲဒါကတော့ ရုံးပတီသီးပါပဲ။


ရုံပတီသီးကို အမျိုးသား အမျိုးသမီး ဆီးချိုဖြစ်နေသူတိုင်း စားသောက်နိုင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ fiber အမျှင်ဓာတ်၊ ဗစ်တာမင် အေ၊ စီ နဲ့ folate လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗစ်တာမင် ဘီ၊ ဗစ်တာမင် ကေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်အပြင် မဂ္ဂနီစီယမ်နဲ့ မဂ္ဂနိစ် ဓာတ်တွေလဲ ပါဝင်နေတာပါ။

ရုံးပတီသီး၏ အစွမ်းများ – ၁။ သွေးနီဆဲလ် ထုတ်လုပ်ရာမှာ ကူညီပေးလို့ သွေးအားနည်းရောဂါ အနီးမီးယားအတွက် အစွမ်းထက်ပါတယ်။၂။ ရုံးပတီသီးထဲက အင်တီအောက်စီးဒန့်ဟာ ကင်ဆာဖြစ်စေတတ်တဲ့ ဆဲလ်အသွင်ပြောင်းခြင်းတွေကို ကာကွယ်ပေးတာကြောင့် ကင်ဆာ ကာကွယ်နိုင်တဲ့ အသီးလို့ ပြောနိုင်ပါတယ်။


၃။ ရင်ကျပ်ပန်းနာသမားတွေအတွက် စားသုံးသင့်တဲ့ ရုံးပတီသီးပါ။၄။ ရုံးပတီသီးထဲက ဖောလစ်အက်ဆစ်ကြောင့် အရိုးကိုလဲ သန်မာစေပါတယ်။၅။ ကိုလက်စထရော လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါ အန္တရာယ် လျော့ပါး သက်သာစေပါတယ်။

၆။ ဝမ်းချုပ်နေသူတွေအတွက် သက်တောင့်သက်သာ ဝမ်းသွားနိုင်အောင် ကူညီပေးနိုင်ပြီး ရုံးပတီသီးကို မှန်မှန်စားပေးသွားနိုင်ရင် အူမကြီးကင်ဆာ အန္တရာယ်ကိုလဲ လျှော့ချပေးနိုင်ပါတယ် တဲ့။၇။ ရုံးပတီသီးထဲမှာ အင်ဆူလင် လို ဂုဏ်သတ္တိ ရှိတာကြောင့် သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးပြီး ဆီးချိုရောဂါမဖြစ်အောင်၊ ဆီးချို ရှိနေသူတွေ အတွက် ဆိုရင်လဲ သက်သာသွားစေမှာပါ။


၈။ ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝလို့ ကိုယ်ဝန်ဆောင်တွေအတွက် ဗိုက်ထဲက ကလေးတွေကို Neural tube defects (NTD) ဆိုတဲ့ အာရုံကြောဆိုင်ရာ ချွတ်ယွင်းမှုမျိုး မွေးကထဲက ပါမလာရအောင်လဲ ကူညီကာကွယ်ပေးနိုင်ပါတယ်။၉။ အစာမကြေ ဖြစ်တတ်တဲ့ အစာအိမ်ဆိုင်ရာ ပြသနာတွေကိုလဲ သက်သာစေပါတယ်။

၁၀။ အသားအရေ ကြည်လင်တာ၊ အမြင်အား ကောင်းဖို့တွေအတွက်လဲ အထောက်အကူ ပြုပါတယ်။ဘယ်လိုစားမလဲ – ကြိုက်သလို စားလို့ရပါတယ်။ အသီးဖျန်း ဓာတ်မြေသြဇာတွေ ပါမှာစိုးရင် ဆားရည်ထဲ အနည်းဆုံး နာရီဝက်လောက် စိမ်ပြီး ရေနဲ့ ၃-၄ ထပ်လောက်တော့ ဆေးပါဦး။အသီးကို ဖင်ဖြတ် ထိပ်ဖြတ်ပြီး ရေထဲတညလောက် စိမ်ထားပြီး သောက်တာ တနည်း။

ရေနွေးလေး ဖျောပြီး တို့စရာလိုလဲ စား။ ပုဇွန်ခြောက် ဘာညာလေးထည့်ပြီး ခပ်စိမ်းစိမ်းလေး ကြော်စား။ အရမ်းနူးပြဲမသွားအောင်လဲ ကြော်ပေါ့။ ပဲကုလားဟင်း ချက်လို့ ကျက်သွားရင် ရုံးပတီသီးလေး နောက်ဆုံးမှထည့်။ အဲလိုလဲစားလို့ရတာပဲ။အစာလည်းဆေး ဆေးလည်းအစာမို့ ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ ရုံးပတီရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ အားလုံးပဲ ကျန်းမာကြပါစေဗျာ။

Credit-Original Writer