သွေးတိုးရောဂါရှိသူတွေအတွက် လွယ်ကူတဲ့ အိမ်တွင်းဖြစ်ဆေးနည်း

သွေးတိုးရောဂါ ဆိုတာကတော့ အခုနောက်ပိုင်းခေတ်မှာ လူကြီး၊ လူငယ်မရွေး ကြုံတွေ့နေကြရတဲ့ ရောဂါတစ်ခုလို့တောင်ပြောလို့ရနေပါပြီ။ ဒါကြောင့်မို့သွေးတိုးရောဂါနဲ့ ပတ်သက်လို့ ဆေးနည်းလေးတစ်ခုကို ပြန်လည်မျှဝေပေးချင်ပါတယ်။


ဆေးနည်း – ၁ – ကြက်သွန်ဖြူ – သွေးတိုးရှိတယ်ဆိုရင် နေ့စဉ်ဟင်းလျာမှာ ကြက်သွန်ဖြူ အမြဲပါသင့်ပါတယ်။ ကြက်သွန်ဖြူဟာ ကိုလက်စထရောကို လျှော့ချနိုင်သလို သွေးပေါင်ချိန်ကိုလည်း အမြဲထိန်းပေးပါတယ်။

၂ – ကြက်သွန်နီနဲ့ပျားရည် – ကြက်သွန်နီနဲ့ ပျားရည်ကိုလည်း နေ့စဉ် သုံးစွဲပေးသင့်ပါတယ်။ ကြက်သွန်နီအရည်ကို ပျားရည်နှစ်ဇွန်းနဲ့ နေ့စဉ်သောက်ပေးသင့်ပါတယ်။ ၃ – မုန်လာဥနီ – မုန်လာဥနီဖျော်ရည်ကို တစ်နေ့နှစ်ခွက်သောက်သင့်ပါတယ်။


၄ – ဆား – နေ့စဉ်ချက်ပြုတ်နေတဲ့ ဟင်းလျာထဲ ဆားနဲ့ အငန်ထည့်ခြင်းကိုတော့ လျှော့ချရမှာ ဖြစ်ပါတယ်။ဖော်ပြပါအတိုင်း ကျင့်သုံးသွားနိုင်မယ်ဆိုရင်တော့ သွေးတိုးနဲ့ ပတ်သက်ပြီးလျော့ချသွားနိုင်မှာဖြစ်ပါတယ်။

Credit-Original Writer

(ZAWGYI)