ကောင်မလေးအိမ်ကို ဝင်ဖို့ကြိုးစားရင်း တံခါးကြားမှာညှပ်ကာ သတိလစ်သွားလို့ အရေးပေါ်ကယ်ဆယ်ခဲ့ရ

ကောင်မလေးအိမ်ကို ဝင်ဖို့ကြိုးစားရင်း တံခါးကြားမှာညှပ်ကာ သတိလစ်သွားလို့ အရေးပေါ်ကယ်ဆယ်ခဲ့ရ

ယခုအဖြစ်အပျက်လေးဟာ ယူကရိနနိုင်ငံတောင်ပိုင်းဒေသရှိ Khersonမြို့တွင် ဖြစ်ပွားခဲ့သော ရယ်ရခက် ငိုရခက်အဖြစ်အပျက်လေးဖြစ်ပါတယ်။အဖြစ်အပျက်ကတော့ ကောင်လေးဟာ


သူ၏ချစ်သူကောင်မလေးနှင့်အတူ ကောင်မလေး၏နေအိမ်၌ သောက်စားပျော်ပါးခဲ့ကြတာဖြစ်ပါတယ်။ထို့နောက်နှစ်ယောက်လုံးမူးနေသည့်အချိန်တွင် ကောင်လေးဟာ မပြန်တော့ဘဲ ကောင်မလေးနှင့်အတူအိပ်စက်မည်ဟု ဆိုခဲ့တာဖြစ်ပါတယ်။

ကောင်မလေးဟာ လက်မခံဘဲ ချစ်သူကောင်လေးကို အတင်းနှင်ထုတ်ကာ တခါးများကို သော့ခတ်ထားခဲ့တာဖြစ်ပါတယ်။ထိုအခါ ကောင်လေးကလည်း ပြတင်းပေါင်တစ်ခုမှ မရရအောင် ဝင်နိုင်ရန်ကြိုးစားခဲ့ရာမှ ပြတင်းပေါက်ကြားထဲတွင်


ညှပ်နေခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာသောအခါ အသက်ရှုကြပ်ပြီး သတိလစ်သွားခဲ့လို့ ကောင်မလေးဟာ အလန့်တကြားဖြစ်ပြီး ရဲများကို ဖုန်းဆက်အကူအညီတောင်းခံခဲ့ရတာဖြစ်ပါတယ်။

Credit-Original Writer

(ZAWGYI)

ေကာင္မေလးအိမ္ကို ဝင္ဖို႔ႀကိဳးစားရင္း တံခါးၾကားမွာညႇပ္ကာ သတိလစ္သြားလို႔ အေရးေပၚကယ္ဆယ္ခဲ့ရ

ယခုအျဖစ္အပ်က္ေလးဟာ ယူကရိနႏိုင္ငံေတာင္ပိုင္းေဒသရွိ Khersonၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေသာ ရယ္ရခက္ ငိုရခက္အျဖစ္အပ်က္ေလးျဖစ္ပါတယ္။အျဖစ္အပ်က္ကေတာ့ ေကာင္ေလးဟာ


သူ၏ခ်စ္သူေကာင္မေလးႏွင့္အတူ ေကာင္မေလး၏ေနအိမ္၌ ေသာက္စားေပ်ာ္ပါးခဲ့ၾကတာျဖစ္ပါတယ္။ထို႔ေနာက္ႏွစ္ေယာက္လုံးမူးေနသည့္အခ်ိန္တြင္ ေကာင္ေလးဟာ မျပန္ေတာ့ဘဲ ေကာင္မေလးႏွင့္အတူအိပ္စက္မည္ဟု ဆိုခဲ့တာျဖစ္ပါတယ္။

ေကာင္မေလးဟာ လက္မခံဘဲ ခ်စ္သူေကာင္ေလးကို အတင္းႏွင္ထုတ္ကာ တခါးမ်ားကို ေသာ့ခတ္ထားခဲ့တာျဖစ္ပါတယ္။ထိုအခါ ေကာင္ေလးကလည္း ျပတင္းေပါင္တစ္ခုမွ မရရေအာင္ ဝင္ႏိုင္ရန္ႀကိဳးစားခဲ့ရာမွ ျပတင္းေပါက္ၾကားထဲတြင္

ညႇပ္ေနခဲ့တာျဖစ္ပါတယ္။အခ်ိန္ၾကာလာေသာအခါ အသက္ရႈၾကပ္ၿပီး သတိလစ္သြားခဲ့လို႔ ေကာင္မေလးဟာ အလန႔္တၾကားျဖစ္ၿပီး ရဲမ်ားကို ဖုန္းဆက္အကူအညီေတာင္းခံခဲ့ရတာျဖစ္ပါတယ္။

Credit-Original Writer