“မငြိမ်းသေးသော စစ်ပွဲများကို အဖြေရှာရန် အဖွဲ့အစည်းအားလုံးနှင့် ဆွေးနွေးကာ စစ်မှန်သော အဖြေကို ရှာသွားမည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ပြော”

လက်ရှိ နိုင်ငံရေးအခြေအနေ အကြောင်းအရပ်ရပ်အပါအဝင် ကိုဗစ်ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေအနေများကြောင့် ပြည်သူလုထု အနေဖြင့် အခက်အခဲများ တွေ့ကြုံနေရသည့်အတွက် မငြိမ်းသေးသော စစ်ပွဲများကို အဖြေရှာရန်

အဖွဲ့အစည်းအားလုံး နှင့် ဆွေးနွေးကာ စစ်မှန်သော အဖြေကို ရှာသွားမည်ဖြစ်ကြောင်း ကချင်တိုင်းရင်းသားအဖွဲ့ KIO မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။ ယနေ့ သြဂုတ်လ ၂၄ ရက်ပါ ရက်စွဲဖြင့်

KIO အဖွဲ့ မှ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိ ကိုဗစ်ရောဂါ အခြေအနေများအပါအဝင် နိုင်ငံရေးအခြေ အနေများကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။“ပြည်သူလူထုတွေလည်း အခက်အခဲတွေ တွေ့နေတယ်။

ခိုကိုးရာမဲ့ အခြေအနေတွေကိုလည်း ပြည်သူ လူထုက တွေ့ကြုံနေရတယ်။ ဒါကြောင့် မငြိမ်းသေးတဲ့စစ်ပွဲတွေကို အဖြေရှာဖို့အတွက် တိုင်ပင်စရာရှိတဲ့အဖွဲ့အစည်းတွေ အားလုံးနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ စစ်မှန်တဲ့ အဖြေကို ရှာသွားမယ်” ဟု KIO မှ သတင်းနှင့်ပြန်ကြားရေး အဖွဲ့မှ

ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။ လက်ရှိ ကိုဗစ်ရောဂါ အခြေအနေသည် ပိုမိုဆိုးဝါးလာနေသည့်အတွက် နိုင်ငံရေးပြဿနာကို စစ်မှန်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ပြဿနာအား ပိုမိုလွယ်ကူစွာ ဖြေရှင်းပေးနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“အဓိကတော့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပဲ ပြဿနာကို ပြေလည်စေဖို့အတွက် ကျွန်တော်တို့က နစက ကောင်စီနဲ့ပဲ ဆွေးနွေးမယ်မဟုတ်ဘူး။ တိုင်ပင်စရာရှိတဲ့အဖွဲ့အစည်းအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်မှန်တဲ့အဖြေရှာသွားတာက ပိုကောင်းတယ်” ဟု KIO မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Credit-Original Writer

(ZAWGYI)

“မၿငိမ္းေသးေသာ စစ္ပြဲမ်ားကို အေျဖရွာရန္ အဖြဲ႕အစည္းအားလုံးႏွင့္ ေဆြးေႏြးကာ စစ္မွန္ေသာ အေျဖကို ရွာသြားမည္ဟု KIO ေျပာေရးဆိုခြင့္ရွိသူ ေျပာ”

လက္ရွိ နိုင္ငံေရးအေျခအေန အေၾကာင္းအရပ္ရပ္အပါအဝင္ ကိုဗစ္ေရာဂါ ကူးစက္ျပန့္ႏွံ႕မႈ အေျခအေနမ်ားေၾကာင့္ ျပည္သူလုထု အေနျဖင့္ အခက္အခဲမ်ား ေတြ႕ႀကဳံေနရသည့္အတြက္ မၿငိမ္းေသးေသာ စစ္ပြဲမ်ားကို အေျဖရွာရန္

အဖြဲ႕အစည္းအားလုံး ႏွင့္ ေဆြးေႏြးကာ စစ္မွန္ေသာ အေျဖကို ရွာသြားမည္ျဖစ္ေၾကာင္း ကခ်င္တိုင္းရင္းသားအဖြဲ႕ KIO မွ သတင္းႏွင့္ျပန္ၾကားေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

ယေန႕ ၾသဂုတ္လ ၂၄ ရက္ပါ ရက္စြဲျဖင့္ KIO အဖြဲ႕ မွ ေၾကညာခ်က္ တစ္ေစာင္ကို ထုတ္ျပန္ခဲ့ၿပီး လက္ရွိ ကိုဗစ္ေရာဂါ အေျခအေနမ်ားအပါအဝင္ နိုင္ငံေရးအေျခ အေနမ်ားေၾကာင့္ ယခုကဲ့သို႔ ထုတ္ျပန္ရျခင္းျဖစ္ ေၾကာင္း ၎ကဆိုသည္။“ျပည္သူလူထုေတြလည္း အခက္အခဲေတြ ေတြ႕ေနတယ္။

ခိုကိုးရာမဲ့ အေျခအေနေတြကိုလည္း ျပည္သူ လူထုက ေတြ႕ႀကဳံေနရတယ္။ ဒါေၾကာင့္ မၿငိမ္းေသးတဲ့စစ္ပြဲေတြကို အေျဖရွာဖို႔အတြက္ တိုင္ပင္စရာရွိတဲ့အဖြဲ႕အစည္းေတြ အားလုံးနဲ႕တိုင္ပင္ေဆြးေႏြးၿပီးေတာ့ စစ္မွန္တဲ့ အေျဖကို ရွာသြားမယ္” ဟု KIO မွ သတင္းႏွင့္ျပန္ၾကားေရး အဖြဲ႕မွ

ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

လက္ရွိ ကိုဗစ္ေရာဂါ အေျခအေနသည္ ပိုမိုဆိုးဝါးလာေနသည့္အတြက္ နိုင္ငံေရးျပႆနာကို စစ္မွန္ေသာ နည္းလမ္းျဖင့္ ေျဖရွင္းျခင္းသည္ ျပႆနာအား ပိုမိုလြယ္ကူစြာ ေျဖရွင္းေပးနိုင္ေၾကာင္းလည္း ၎က ဆိုသည္။“အဓိကေတာ့ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ပါတဲ့အတိုင္းပဲ

ျပႆနာကို ေျပလည္ေစဖို႔အတြက္ ကြၽန္ေတာ္တို႔က နစက ေကာင္စီနဲ႕ပဲ ေဆြးေႏြးမယ္မဟုတ္ဘူး။ တိုင္ပင္စရာရွိတဲ့အဖြဲ႕အစည္းအားလုံးနဲ႕ တိုင္ပင္ေဆြးေႏြးၿပီး စစ္မွန္တဲ့အေျဖရွာသြားတာက ပိုေကာင္းတယ္” ဟု KIO မွ သတင္းႏွင့္ျပန္ၾကားေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

Credit-Original Writer