အရပ်အရမ်းရှည်တဲ့ အစ်ကိုဖြစ်သူကို (၃)ပေကျော်အခေါင်းနဲ့သာ အုတ်ဂူသွင်းပေးခဲ့ရတဲ့ ရင်နင့်စရာအဖြစ်အပျက်ကို ပြောပြလာတဲ့ မိသားစုဝင်တစ်ဦး

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော် လှန်ရေးမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားတဲ့ ပြည်သူတွေ အများအပြားရှိနေကြပါတယ်။ယခုမှာတော့ အမျိုးသမီးငယ်လေးတစ်ဦးဟာ ဖ မ်းဆီးခံရပြီး သေဆုံးသွားတဲ့ အစ်ကိုဖြစ်သူရဲ့နော က်ဆုံးခရီးကို ရုပ်အလောင်းမပါဘဲ ပြုလုပ်ခဲ့ရလို့ ယနေ့ အချိန်ထိ

ပူဆွေးဝမ်းနည်းနေခဲ့ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးတယ်ဆိုပြီး အာဏာရှင်လူတစ်စုက အစ်ကိုဖြစ်သူရဲ့ ရုပ်အလောင်းကို မီးသဂြိုလ် လိုက်တဲ့ လွန်ခဲ့တဲ့(၂)လက ရင်နင့်စရာအဖြ စ်အပျက်လေးကို ပြည်သူတွေ သိ ရှိ အောင် အဆိုပါအမျိုးသမီးငယ်လေးက ပြောပြလာခဲ့ပါတယ်။

(၆)လပိုင်း(၂၅)ရက်နေ့မှာ အစ်ကိုဖြစ်သူနဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးခံရပြီး တစ်အိမ်လုံးကိုဗြော င်းဆန်အောင်မွှေနှောက်သွားကာ ပိုက်ဆံတွေက အစအကုန်ယူသွားကြောင်း။

အစ်ကိုနဲ့ အဖေပြန်လွတ်ဖို့အကူအညီတွေ လိုက်တောင်းရင်း အစ်ကိုဖြစ်သူဆုံးပါးသွားပြီဆိုတဲ့ သတ င်းကြားခဲ့ရကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့

အစ်ကိုဖြစ်သူရဲ့ မျက်နှာလေးကိုတောင် မိသားစုဝင်တွေကို မပြဘဲ ချက်ချင်းမီးသဂြိုလ်လိုက်ကြတာဖြစ်ပြီး။

ပြီးမှတောင်းပန်ပါတယ်ဆိုကာ လျော် ကြေး (၅) သိန်းပေးကြောင်း၊ အရိုးပြာတွေကို အုတ်ဂူသွင်း ခဲ့ပြီး အရပ်အရမ်းရှည်တဲ့ အစ်ကိုဖြစ်သူကို (၃) ပေကျော်အခေါင်းနဲ့ အုတ်ဂူသွင်းခဲ့ရတာ ရင်အနာဆုံးဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။စစ်မှုထမ်းဟောင်းမိသားစုဖြစ်ပေမယ့် သူတို့မိသာ းစုဟာ ဒီတော်လှန်ရေးမှာ ကျရာနေရာကနေ ရဲရဲရင့်ရင့်ပါဝင်ခဲ့ကြတာဖြစ်ပြီး

ဒီရင်နင့်စရာအကြေ ာင်းအရာတွေကိုရေးဖို့ နှစ်လလောက်အချိန်ယူခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအ ရေးတော်ပုံမအောင်မြင်ရင် ကျဆုံးသွားတဲ့လူတွေအားလုံးက သူရဲကောင်းမဖြစ်ဘဲ သူပုန်တွေအဖြစ်ကျန်နေခဲ့မှာဖြစ်ပြီး ။ဒီအရေးတော်ပုံကြီးအောင်မှသာ ကျဆုံးသွားသူတွေဟာ သူရဲကောင်းဖြစ်မှာမို့ တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးကြဖို့ ရင်နာနာနဲ့အဆိုပါအ မျိုးသမီးလေးက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Credit Original Writer