အေးရွာပဲခူးချောင်း မှာရှိတဲ့ အိမ်ထောင်စု(၃၀၀)စာအတွက် စားသောက်ကုန်များ လှူဒါန်းလိုက်တဲ့ အောင်လေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသားချော အောင်လေး ကတော့ အခုကာလမှာ စားဝတ်နေရေးကျပ်တည်းနေတဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းပေးဖို့စီစဉ်နေခဲ့ပါတယ်။ အောင်လေးကတော့ လာမယ့် သြဂုတ်လ (၃၁)ရက်နေ့မှာ လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အောင်လေးက ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါးရုံစိပ် ရယ် ၊ အေးရွာပဲခူးချောင်း မှာရှိတဲ့ အိမ်ထောင်စု (၃၀၀)စာအတွက်ကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တွေက လှူဒါန်းပေးခဲ့သလိုပဲ အိမ်ထောင်စု တစ်ခုအတွက်

အဓိက လိုအပ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် ၊ ကုန်ခြောက် ၊ ကုန်စိမ်း ၊ ကြက်ဥ တွေကို သွားရောက်လှူဒါန်းမှာပါတဲ့။

သူ့ရဲ့အလှူလေးမှာလည်း သူနဲ့အတူ ပရိသတ်ကြီးတွေက သဒ္ဒါနည်းများ ကုသိုလ်ပါဝင်ချင်တယ် ဆိုရင် ဝင်ရောက်ပါဝင်ကုသိုလ် ယူနိုင်ပါတယ် လို့လည်း ပါဝင်လှူဒါန်းပေးဖို့ဖိတ်ခေါ်ထား ပါသေးတယ်။

ပရိသတ်ကြီးတွေထဲက လှူဒါန်းချင်တဲ့ ပရိသတ်တွေ သွားရောက် လှူဒါန်းနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Aung Lay
Credit:Cele Zone

(ZAWGYI)







Source – Aung Lay
Credit:Cele Zone