ဆေးထိုးရမှာကြောက်ပြီး အိပ်ပျော်ချင်ယောင်ဆောင်ခဲ့သော ချစ်စဖွယ် ကလေးငယ်

ကျန်းမာရေးအတွက် ကလေးငယ်တိုင်း လစဥ်ကာကွယ်ဆေးထိုးရသော်လည်း ဆေးထိုးအပ်ကို ကလေးငယ်တိုင်းကြောက်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ဖခင်တစ်ဦးသည် သမီးလေးအား လစဥ်ကာကွယ်ဆေးထိုးရန်အတွက် ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သို့သော်လည်း ဆေးခန်းတွင် လူများ၍ အလှည့်ကျစောင့်ဆိုင်းနေစဥ် အခြားသောကလေးငယ်များ ဆေးထိုးခံရပြီးနောက် ငိုနေတာကို ကြည့်ရင်း သမီးလေးမှာ သူ့အလှည့်ရောက်မည်ကို စိုးထိတ်နေခဲ့မိသည်။

ထို့နောက် ကလေးမလေးသည် သူ့အလှည့်ရောက်ချိန်မှာတော့ ဆေးမထိုးချင်လို့ဆိုပြီး ဥာဏ်ကြီးစွာဖြင့် ရုတ်တရက်ကြီး အိပ်ပျော်သွားသလို ဟန်ဆောင်နေခဲ့သည်။

လျင်မြန်သော ဖခင်ဖြစ်သူသည် သူဧ။်သမီးငယ်လေး အိပ်ချင်ယောင်ဆောင်နေတာကို သိသွားပြီး နိုးခဲ့သော်လည်း တစ်စက်ကလေးမှ မလှုပ်မယှက်နှင့် ဟန်ဆောင်ကောင်းနေခဲ့သည်။

ဖခင်ဖြစ်သူလည်း ဆရာဝန်နှင့်အတူ အရိပ်အကဲကြည့်ပြီး မုန့်ထုပ်လေးအား သမီးငယ်လေးရှေ့တွင် လှုပ်ခါပြလိုက်ရာ ကလေးဆိုသည့်အတိုင်း အစားမက်ကြ၍ မုန့်ဘယ်မှာလဲဆိုပြီး ချက်ချင်း မျက်လုံးဖွင့်လာခဲ့သည်။

သမီးငယ်လေးဧ။် ချစ်စဖွယ် အပြုအမူလေးကြောင့် ဆေးခန်းရှိလူအများမှ ရယ်မောခဲ့ကြသည်။

Hlaing (Love Feeling)

(ZAWGYI)

ေဆးထိုးရမွာေၾကာက္ၿပီး အိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ခဲ့ေသာ ခ်စ္စဖြယ္ ကေလးငယ္

က်န္းမာေရးအတြက္ ကေလးငယ္တိုင္း လစဥ္ကာကြယ္ေဆးထိုးရေသာ္လည္း ေဆးထိုးအပ္ကို ကေလးငယ္တိုင္းေၾကာက္ၾကသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ ဖခင္တစ္ဦးသည္ သမီးေလးအား လစဥ္ကာကြယ္ေဆးထိုးရန္အတြက္ ေဆးခန္းသို႔ ေခၚေဆာင္သြားခဲ့သည္။

သို႔ေသာ္လည္း ေဆးခန္းတြင္ လူမ်ား၍ အလွည့္က်ေစာင့္ဆိုင္းေနစဥ္ အျခားေသာကေလးငယ္မ်ား ေဆးထိုးခံရၿပီးေနာက္ ငိုေနတာကို ၾကည့္ရင္း သမီးေလးမွာ သူ႔အလွည့္ေရာက္မည္ကို စိုးထိတ္ေနခဲ့မိသည္။

ထို႔ေနာက္ ကေလးမေလးသည္ သူ႔အလွည့္ေရာက္ခ်ိန္မွာေတာ့ ေဆးမထိုးခ်င္လို႔ဆိုၿပီး ဥာဏ္ႀကီးစြာျဖင့္ ႐ုတ္တရက္ႀကီး အိပ္ေပ်ာ္သြားသလို ဟန္ေဆာင္ေနခဲ့သည္။

လ်င္ျမန္ေသာ ဖခင္ျဖစ္သူသည္ သူဧ။္သမီးငယ္ေလး အိပ္ခ်င္ေယာင္ေဆာင္ေနတာကို သိသြားၿပီး ႏိုးခဲ့ေသာ္လည္း တစ္စက္ကေလးမွ မလႈပ္မယွက္ႏွင့္ ဟန္ေဆာင္ေကာင္းေနခဲ့သည္။

 


ဖခင္ျဖစ္သူလည္း ဆရာဝန္ႏွင့္အတူ အရိပ္အကဲၾကည့္ၿပီး မုန္႔ထုပ္ေလးအား သမီးငယ္ေလးေရွ႕တြင္ လႈပ္ခါျပလိုက္ရာ ကေလးဆိုသည့္အတိုင္း အစားမက္ၾက၍ မုန္႔ဘယ္မွာလဲဆိုၿပီး ခ်က္ခ်င္း မ်က္လုံးဖြင့္လာခဲ့သည္။

သမီးငယ္ေလးဧ။္ ခ်စ္စဖြယ္ အျပဳအမူေလးေၾကာင့္ ေဆးခန္းရွိလူအမ်ားမွ ရယ္ေမာခဲ့ၾကသည္။

Hlaing (Love Feeling)