မှော်ဘီကနေ ဘုရားပန်းလာရောင်းရတဲ့ အဖွားကို ပန်းတွေအများကြီးအားပေးပြီး ကုသိုလ်ယူခဲ့တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ စားဝတ်နေရေးအတွက် အဝေးကြီးကနေ ဘုရားပန်းလာရောင်းရတဲ့ အဖွားဆီကနေ သူတတ်နိုင်သလောက် ဝယ်ယူ အားပေးခဲ့ပါတယ်။

ဘေဘီမောင်က အမြဲတမ်းလိုလို သူတစ်ပါးကို ကူညီတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးလမ်းမှာ အဖိုးအဖွားတွေ ဈေးရောင်းနေတာကိုတွေ့ရင်လည်း အမြဲတမ်းလိုလို မလိုအပ်လည်း ဝေယူကာ အလှူငွေတွေကိုပါလှူဒါန်းပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း စားဝတ်နေရေးခက်ခဲနေတဲ့အတွက် မှော်ဘီဘက်ကနေတောင် အဝေးကြီးဘုရားပန်းလာရောင်းတဲ့ အဖွားဆီကနေ ဘုရားပန်း(၅)သောင်းဖိုး ဝယ်ယူအားပေးကာ ကုသိုလ်ပြုခဲ့ တာပဲဖြစ်ပါတယ်။

ဘေဘီကတော့ အဖွားဆီကနေ ပန်းအနည်းငယ်သာယူခဲ့ပြီး အခုလို ကာလမှာ အဖွားစားဝတ်နေရေးအဆင်ပြေစေဖို့ အဓိကအနေနဲ့ ရည်ရွယ်ပြီးဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဘေဘီမောင်ရဲ့ သူတစ်ပါးကို ကူညီတတ်တဲ့ စိတ်ထားလေး ကတော့ တကယ်ကို ချီးကျူးထိုက်ပေတဲ့ စိတ်ထားလေးပါပဲနော်။

Credit ; CeleZone

Source – Baby Maung

(ZAWGYI)






Credit ; CeleZone

Source – Baby Maung