ကိုဗစ်-၁၉ ပိုးတွေ့မှု မြင့်တက်နေသည့် မြို့နယ် ၅ ခုကို Stay at Home သတ်မှတ်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားတဲ့ မြို့နယ် ၅ ခုကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့စာအရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့၊ ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် နဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တို့ကို Stay at Home သတ်မှတ်ကြေညာလိုက်တာပါ။

အဆိုပါမြို့နယ်တွေမှာ ပိုးတွေ့နှုန်း မြင့်တက်နေတဲ့အတွက် Stay at Home သတ်မှတ်ကြေညာ ရတာလို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာ မနေ့ ဩဂုတ်လ ၂၄ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ သစ် ၈၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၂ ဦး ထပ်မံ သေဆုံးကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ ပိုးတွေ့လူနာသစ်တွေထဲမှာ လွိုင်ကော်မြို့နယ် ပုဗ္ဗာရုံကျောင်းတိုက်က သံဃာ ၆၆ ပါး ပိုးတွေ့ရှိရကြောင်း ဖော်ပြထားပြီး အဆိုပါ ကျောင်းတိုက်ကို lock down ချထားပါတယ်။

အလားတူ လွိုင်ကော်မြို့နယ် ရွေတောင်ကျောင်းတိုက်မှာလည်း ၁၉၉ ပါး ရှိတဲ့အနက် ၅၂ ပါး ကိုဗစ်ပိုးတွေ့ရှိတဲ့ အဆိုပါကျောင်းတိုက်ကို ဩဂုတ်လ ၁၉ ရက်နေ့က Lock down ချမှတ်ထားပါတယ်။

ကယားပြည်နယ်မှာ ဇွန်လ ၂၉ ရက်နေ့က ဩဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅၃၇ ဦးရှိပြီး အဲထဲက ၆၆ ဦးသေဆုံးသွားပြီးဖြစ်ပါတယ်။

ပိုးတွေ့သေဆုံးသူတွေထဲက လွိုင်ကော်မြို့နယ်မှာ ၁၀၇၉ ဦးနဲ့ သေဆုံး ၆၁ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

ဖားဆောင်းမြို့နယ်မှာတော့ ပိုးတွေ့လူနာ ၃၇၀ ဦး သေဆုံးသူ ၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တဲ့အတွက် ပိုးတွေ့မှုမြင့်တက်နေတဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို Stay at Home သတ်မှတ်ထားပြီး အခုချိန် ပြန်လည် ဖြေလျော့ခြင်းမရှိသေးပါဘူး။

ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မမြင့်တက်ခင် ပြီးခဲ့တဲ့လတွေက လူထုတွေက မိမိအသိစိတ်ဓာတ်နဲ့ ရပ်ကွက်အလိုက် ကိုဗစ်ထိန်းချုပ်စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အဓမ္မ ဖြုတ်ခိုင်းတာတွေ ရှိခဲ့ပါတယ်။

DVB

(ZAWGYI)

ကိုဗစ္-၁၉ ပိုးေတြ႕မႈ ျမင့္တက္ေနသည့္ ၿမိဳ႕နယ္ ၅ ခုကို Stay at Home သတ္မွတ္

ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ျမင့္မားတဲ့ ၿမိဳ႕နယ္ ၅ ခုကို မိမိေနအိမ္တြင္ေနထိုင္ရန္ (Stay at Home) အျဖစ္ သတ္မွတ္ေၾကညာလိုက္ပါတယ္။

စစ္ေကာင္စီရဲ႕ က်န္းမာေရးဝန္ႀကီးဌာနက ဩဂုတ္လ ၂၄ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့စာအရ ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္နဲ႔၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး ကြၽန္းလွၿမိဳ႕နယ္ နဲ႔ မြန္ျပည္နယ္ ေခ်ာင္းဆုံၿမိဳ႕နယ္တို႔ကို Stay at Home သတ္မွတ္ေၾကညာလိုက္တာပါ။

အဆိုပါၿမိဳ႕နယ္ေတြမွာ ပိုးေတြ႕ႏႈန္း ျမင့္တက္ေနတဲ့အတြက္ Stay at Home သတ္မွတ္ေၾကညာ ရတာလို႔ ထုတ္ျပန္ထားပါတယ္။

ကယားျပည္နယ္မွာ မေန႔ ဩဂုတ္လ ၂၄ ရက္ေန႔ တရက္တည္း ကိုဗစ္-၁၉ ပိုးေတြ႕လူနာ သစ္ ၈၂ ဦး ထပ္မံေတြ႕ရွိခဲ့ၿပီး ၂ ဦး ထပ္မံ ေသဆုံးေၾကာင္း ျပည္နယ္က်န္းမာေရးဌာနရဲ႕ စာရင္းအရ သိရပါတယ္။

အဆိုပါ ပိုးေတြ႕လူနာသစ္ေတြထဲမွာ လြိဳင္ေကာ္ၿမိဳ႕နယ္ ပုဗၺာ႐ုံေက်ာင္းတိုက္က သံဃာ ၆၆ ပါး ပိုးေတြ႕ရွိရေၾကာင္း ေဖာ္ျပထားၿပီး အဆိုပါ ေက်ာင္းတိုက္ကို lock down ခ်ထားပါတယ္။

အလားတူ လြိဳင္ေကာ္ၿမိဳ႕နယ္ ေ႐ြေတာင္ေက်ာင္းတိုက္မွာလည္း ၁၉၉ ပါး ရွိတဲ့အနက္ ၅၂ ပါး ကိုဗစ္ပိုးေတြ႕ရွိတဲ့ အဆိုပါေက်ာင္းတိုက္ကို ဩဂုတ္လ ၁၉ ရက္ေန႔က Lock down ခ်မွတ္ထားပါတယ္။

ကယားျပည္နယ္မွာ ဇြန္လ ၂၉ ရက္ေန႔က ဩဂုတ္လ ၂၄ ရက္ေန႔အထိ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၁၅၃၇ ဦးရွိၿပီး အဲထဲက ၆၆ ဦးေသဆုံးသြားၿပီးျဖစ္ပါတယ္။

ပိုးေတြ႕ေသဆုံးသူေတြထဲက လြိဳင္ေကာ္ၿမိဳ႕နယ္မွာ ၁၀၇၉ ဦးနဲ႔ ေသဆုံး ၆၁ ဦးနဲ႔ အမ်ားဆုံးျဖစ္ပါတယ္။ ဖားေဆာင္းၿမိဳ႕နယ္မွာေတာ့ ပိုးေတြ႕လူနာ ၃၇၀ ဦး ေသဆုံးသူ ၄ ဦးနဲ႔ ဒုတိယအမ်ားဆုံးျဖစ္တဲ့အတြက္ ပိုးေတြ႕မႈျမင့္တက္ေနတဲ့ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးေဒသကို Stay at Home သတ္မွတ္ထားၿပီး အခုခ်ိန္ ျပန္လည္ ေျဖေလ်ာ့ျခင္းမရွိေသးပါဘူး။ကယားျပည္နယ္မွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိမႈ မျမင့္တက္ခင္ ၿပီးခဲ့တဲ့လေတြက လူထုေတြက မိမိအသိစိတ္ဓာတ္နဲ႔ ရပ္ကြက္အလိုက္ ကိုဗစ္ထိန္းခ်ဳပ္စစ္ေဆးေရးဂိတ္ေတြ ျပဳလုပ္ခဲ့ေပမယ့္ စစ္ေကာင္စီဘက္က အဓမၼ ျဖဳတ္ခိုင္းတာေတြ ရွိခဲ့ပါတယ္။

DVB