အတော်တဆမှုကြောင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားခဲ့ရသော်လည်း နာမည်ကြီး ရေကူးချန်ပီယံတစ်ယောက်ဖြစ်လာခဲ့သော မိန်းကလေး
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ Qian Hongyanအမည်ရှိသော အသက် ၂၄နှစ်အရွယ် မိန်းကလေးသည် ငယ်စဥ်ကလမ်းဖြတ်ကူးရင်း ယာဥ်မတော်တဆဖြစ်ခဲ့ရာ ကံဆိုးစွာဖြင့် အသက်မသေခဲ့သော်လည်း သူမဧ။်ခြေထောက်နှစ်ဖက်စလုံးအား အပြီးပိုင်ဆုံးရှုံးလိုက်ရသည်။
မိန်းကလေးသည် အဆင်ပြေသော မိသားစုမှ မွေးဖွားလာခြင်းမဟုတ်၍ ခြေထောာက်တုလည်း ဝယ်မတပ်နိုင်ပဲရှိရာ အဖိုးဖြစ်သူမှ ဘတ်စကက်ဘော ဘောလုံးအား ဖြတ်တောက်ပြီး သွားလာလှုပ်ရှား၍ရအောင် မြေးမလေးဧ။် ကိုယ်တွင်စွပ်ထားစေခဲ့သည်။
မိန်းကလေးသည် ရေကူးဝါသနာပါသောကြောင့် ဒေသရှိမသန်စွမ်းသူ ရေကူးသင်တန်းတစ်ခုတွင် တက်ရောက်ခဲ့ပြီး ခက်ခက်ခဲခဲ သင်ယူခဲ့ရသည်။
ထို့နောက် မိန်းကလေးဧ။် ဇွဲရှိရှိကြိုးစားအားထုတ်မှုကြောင့် အိုလံပစ်အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံမသန်စွမ်းသူ ရေကူးသမားလေးအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ငွေတံဆိပ် ၃ခုအား ဆွတ်ခူးရရှိခဲ့သည်။
ယခုအခါ မိန်းကလေးသည် မသန်စွမ်းသူများအတွက် စိတ်ဓာတ်မြင့်မားစေသည့် စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိသည်။
Credit-Hlaing (Love Feeling)
(ZAWGYI)