အကြမ်းဖက်စစ်ကောင်စီ၏ သံတမန်နှစ်ဦးအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန်တောင်းဆိုချက် ဂျပန်ငြင်းပယ်

ဂျပန်အစိုးရသည် CDMလုပ်သွားသော သံဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်ရန်

ရွေးချယ်ထားသူ နှစ်ဦးကို ဗီဇာထုတ်ပေးရန် ပြတ်ပြတ်သားသားပင် ငြ.င်းဆ.ိုလိုက်ပြီဖြစ်သည်။ ထိုသို့စေလွှတ်သူများကို ဗီဇာထုတ်ပေးလိုက်ပါက ၎င်းတို့အား အသိအမှတ်ပြုရာရောက်မည်ဟု ဂျပန်အစိုးရက တွက်ဆခဲ့ခြင်းကြောင့်ဖြစ်သည်။ လောလောဆယ်တွင်တော့

ကြည့်‌ကောင်းအောင် “စဉ်းစားနေသည်”ဟုသာ အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်များကဆိုသည်။ လက်ရှိတွင် အ.ာဏာသ.ိမ်းအဖွဲ့မှ ထ.ုတ်ပ.ယ်ခြင်းခ.ံရသော သံအရာရှိနှစ်ဦးအား အာဏာသ.ိမ်းအဖွဲ့က သံတမန်အဆင့်အတန်း ပ.ယ်ဖျ.က်သည်ဟု

အကြောင်းကြားခဲ့သော်လည်း ဂျပန်အစိုးရက ယခင်အဆင့်အတန်းအတိုင်း အသိအမှတ်ပြုနေဆဲပင်ဖြစ်သည်။ ဂျပန်အစိုးရက ကုလအထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏အရေး မည်သို့ကိုင်တွယ်သွားမည်ကို အနီးကပ်စောင့်ကြည့်နေဆဲဖြစ်သ ည်ဟု

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော မိုင်နိချိသတင်းစာတွင် ရေးသားထားသည်။

တကယ်လို့ သူတို့ကိုပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမယ်ဆိုရင် စ.စ်တပ်က အ.ာဏာသ.ိမ်းတာကို သဘောတူသလိုဖြစ်သွားမယ်လို့လဲဆိုပါတယ်။ အဲဒီအပြင် မြန်မာစ.စ်တပ်ကို တရားဝင်အစိုးရအဖြစ်

ဂျပန်က အသိအမှတ်ပြုမထားဘူးလို့လဲဆိုပါတယ်။ ဒီလိုအသိအမှတ်မပြုဖို့ ဂျပန်နိုင်ငံက လွှတ်တော်နှစ်ရပ်စလုံးမှာ က.န့်က.ွက်သူမရှိဆုံးဖြတ်ထားပြီးသားဖြစ်တယ်လို့ NUGအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။

“မြန်မာစ.စ်တပ်ကိုတည်ထောင်ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်၊ ရဲဘော်သုံးကျိပ်ကစတယ်။ ရဲဘော်သုံးကျိပ်ကို မွေးထုတ်တာဂျပန်ဖြစ်တယ်ဆိုတာ သမိုင်းမှာရှိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို ဂျပန်တွေဟာ တကယ်တမ်းဆို မြန်မာပြည်သူလူထုအပေါ်မှာသံယောဇဉ်ရှိတယ်။

တဖက်ကပြောမယ်ဆိုရင် ဒါ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကတည်းက ဂျပန်ကမြန်မာလူထုအပေါ်မှာ အဲလို သံ ယောဇဉ် တကယ့်ထူးထူးဆန်းဆန်းဖြစ်သလို၊ အထူးစပါယ်ရှယ်အဖြစ်နဲ့ တာဝန်ရှိပါတယ်။ အဲဒီသံယောဇဉ်ကြောင့် ဂျပန်နိုင်ငံအစိုးရဟာလဲ မြန်မာနိုင်ငံကိုနှစ်ပေါင်းများစွာကို

ODA ဖွံ့ဖြိုးရေးအစီအစဉ်မှတဆင့် ကူညီခဲ့ပါတယ်။ သို့သော် အဲဒီနှစ်ပေါင်းများစွာကူညီလာခဲ့တဲ့ ဂျပန်ရဲ့အကူအညီတွေအားလုံးကို သူတို့ စ.စ်အ.ာဏာရှင်တည်မြဲရေးမှာ အသုံးပြုလာခဲ့တာဟာ ဒီဂျပန်လွှတ်တော်လဲသိလာပြီ၊ ဂျပန်ပြည်သူလူထုဟာလဲ နားလည်လာပြီ။”

ဒါကြောင့် ဂျပန်အစိုးရရဲ့အခုရပ်တည်ချက်ဟာ မြန်မာပြည်သူတွေရဲ့ စ.စ်အာဏာရှင်ဆ.န့်က.ျင်ရေးလှုပ်ရှားမှုနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက သုံးသပ်ထားတာဖြစ်တယ်လို့ အာရ်အက်ဖ်အေသတင်းမှာ ဖော်ပြထားပါတယ်။

သို့သော် ဂျပန်သည် နိုင်ငံတွင်း တရု.တ်ဩဇာကြီးမားလာမည့်အရေးကို စ.ိုးးရွ.ံ့နေဆဲဖြစ်၍ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပ.ိတ်ဆို.့ဒ.ဏ်ခ.တ်မှုများကို သတိကြီးစွာ စောင့်ကြည့်နေဆဲဖြစ်သည်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အဓိကကူညီနေတဲ့အလှူရှင်နိုင်ငံကြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့၁၀နှစ်အတွင်း မြန်မာ့ငြိမ်းချမ်းရေးအတွက်ငွေကြေးရော နည်းပညာတွေပါကူညီခဲ့သလို၊ ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ သန်းခုနှစ်ထောင့်ခုနစ်ရာကျော်ကူညီမယ်လို့ NLDအစိုးရလက်ထက် ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စ.စ်တပ်ကအ.ာဏာသ.ိမ်းလိုက်ပြီး

ပြည်သူတွေကို အကြ.မ်းဖက်သ.တ်ဖြ.တ်နှိ.ပ်စ.က်မှုတွေ မျက်ဝါးထင်ထင်ပေါ်ပေါက်လာတဲ့နောက်မှာ အကူအညီ သစ်တွေဆ.ိုင်းင့ ံထားမယ်လို့ မတ်လနောက်ဆုံးပတ်ထဲမှာ ကြေညာခဲ့ပါတယ်။ မကြာသေးခင်ကလဲ စ.စ်ကောင်စီကိုဆ.န့်ကျ.င်တဲ့ မြန်မာဘောလုံးသမား ကိုပြည့်လျှံအောင်ကို

ဂျပန်အစိုးရ ခိုလှုံခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

လာမည့် ၇၆ကြိမ်မြောက် ကုလအထွေထွေညီလာခံကြီးတွင် စ.စ်အ.ာဏာသ.ိမ်းအဖွဲ့၏ ၎င်းတို့ နိုင်ငံသားများအပေါ် လူမဆ.န်အောင် ကြ.မ်းကြ.ုပ်ရ.က်စ.က်စွာ ဆက်ဆံနေမှု များအတွက် နိုင်ငံတကာအသိုက်အဝန်းမှ မည်သို့မည်ပုံ

ဒ.ဏ်ခ.တ်သင့်သည်ကို အဖြေရှာနိုင်မည့် အခွင့်အလမ်းကြီးတခု ရရှိတော့မည်ဖြစ်သည်။ ဇွန်လ ၁၈ရက်နေ့တွင် လုံခြုံရေးကောင်စီကိုကျော်လွန်ကာ အထွေထွေညီလာခံကြီးမှ အ.ာဏာသ.ိမ်းမှုအားရှု.တ်ချကြောင်းအဆိုကို အောင်မြင်စွာမဲခွဲနိုင်ခဲ့ပြီး နောက်တွင် အာဏာသ.ိမ်းအဖွဲ့၏

လုပ်ရပ်များသည် လျော့ပါးသွားခြင်းမရှိသည့်အပြင် ပို၍ ပင် က.ျူးလ.ွန်လာနေသည်။ ထိုသို့ လူ့အသိုက်အဝန်းမှ လက်မခံနိုင်သည့် ပြ.စ်မှုများ က.ျူးးလ.ွန်နေသော်လည်း ကုလသမဂ္ဂတွင် နေရာရဖို့အရေး အာ.သာင.မ်းင.မ်းဖြင့် မျှော်လင့်နေဆဲဖြစ်သည်။ ကုလသမဂ္ဂမှ

ကိုဗစ်ကိုအကြောင်းပြုပြီး ၎င်းတို့ဆင်ထားသည့် အကွက်ထဲဝင်မသွားဘဲ အာ.ဏာသ.ိမ်းအဖွဲ့အား အစိုးရတရပ်အဖြစ် အသိအမှတ်မပြုကာ နေခြင်းသည်သာ လောလောဆယ်ကျင့်သုံးနိုင်သည့် အထိ‌ရောက်ဆုံးလ.က်န.က် ဖြစ်ပေလိမ့်မည်။ သို့မဟုတ်က ၎င်းတို့နှင့်

ရ.က်စက်ကြ.မ်းကြ.ုပ်မှုများတွင် သူမသာ ကိုယ်မသာ အဆင့်ရှိသည့် တ.ာလီဘ.န်များကလည်း ကုလတွင်နေရာရရန် မြန်မာကိုထောက်ပြပြီး ကြိုးပမ်းလာဖွယ် ရှိနေပြန်သည်။ လက်ရှိတွင် စ.စ်တပ်သည် အ.ာဏာကို မည်သည့်ပုံစံနှင့်မဆို မြဲမြံစွာဆုပ်ကိုင်ထားနိုင်‌ရေးအတွက်

အသ.ည်းအသ.န် ကြိုးပမ်းနေသော်လည်း အ.န္တရာ.ယ်ပေါင်းစုံနှင့် ရင်ဆိုင်‌‌နေရပြီဖြစ်သည်။

၎င်းတို့ ၏သမိုင်းတလျှောက် မည်သည့်တိုင်းရင်းသားလ.က်န.က်ကိုင်အဖွဲ့အစည်း တခုတလေမျှကိုပင် အပြီး အပြ.တ် ခေ.ျမှု.န်းနိုင်ခြင်းမရှိသည့်အပြင် မ‌ရေမရာ မက်လုံးများ၊

အပ.စ်အခ.တ် ရပ်စ.ဲရေးဆိုသည်များနှင့်သာ ကျားက.န်ထားနေရဆဲ ဖြစ်သည်။ ယခုအခါ ထိုထက် အဆပေါင်းများစွာ အ.န္တရာ.ယ်ရှိလာမည့် စနစ်တကျပြင်ဆင်ထားပြီးဖြစ်သည့် ပြည်သူေ.တာ်လှ.န်ရေးတပ်ဖွဲ့များနှင့် ရေကုန်ရေခ.မ်း ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ပြည်သူ့ဘက်တော်သားများက အပ.စ်ရပ်ရေးဆိုသည်ကို လက်ခံမည်မဟုတ်၊ အမြစ်ပြ.တ်‌ရေးသာ ဦးတည်ကြတော့မည်လည်းဖြစ်သည်။ (၂) ထိုအကြောင်းများနှင့်စပ်လျင်းပြီး အ.ာဏာသ.ိမ်း ရက်၂၀၀ခေါင်းစဉ်ဖြင့် ဆရာညီမင်းညို၏ တင်ပြချက်ကို ပြန်လည်မျှဝေလိုပါသည်။

လူထုမပါတဲ့ တိုင်းပြည်အခွံတခု ရလိုက်တယ်။ မ.ုန်းတ.ီးရွ.ံရှာနေတဲ့ နိုင်ငံသားတွေ ရလိုက်တယ်။ ဂုဏ်သိက္ခာက.င်းမ.ဲ့တဲ့ ကွ.ျန်အချို့ ရလိုက်တယ်မရတာတွေ ရေးနေရင်များနေလို့ ရတာလေးပဲ ရေးလိုက်တယ်(ညီမင်းညို)။ (၃)တရားခွင် တခုတွင်ဖြစ်သည်။

တရားခ.ံ- ကျွန်တော်တို့က မ-အ-လရဲ့ အာဏာသ.ိမ်းလုပ်ရပ်ကို ဆ.န့်က.ျင်နေတာပဲဖြစ်ပါတယ်။ တရားသူကြီး- နေပါဦး၊ ရှင်းအောင်မေးပါရစေ၊ မောင်ရင် ပြောတဲ့ မ-အ-လဆိုတာ နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောနေတာလား။။ ကျွန်တော် ဆိုလိုတာ မ-အ-လ ပါ။ ဟ.. မ-အ-လဆိုတာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောတာပဲမဟုတ်ဖူးလား။ တရားသူကြီးမင်း သူ့ကို ဘယ်လိုပဲ ရည်ညွှန်းရည်ညွှန်း ကျွန်တော့်အတွက်က မအလဟာ မအလပါပဲ။

မင်းပြောပုံက လူတယောက်ကို အ.သရေဖ.ျက်နေတာပါလား၊ စ.ိတ်မနှံ.့တဲ့လူတယောက်ကို ဘယ်သူကများ အသေ.ရ ဖ.ျက်နေဦးမှာလဲ တရားသူကြီးမင်း။ မင်းကို အခုစ.ွဲထားတဲ့ ပုဒ်မက အကြီးကြီးနော်၊ ကြ.ိုးပေးလို့ရတယ်ဆိုတာကော သိရဲ့လား။ ကျွန်တော်က လူတဦးတယောက်ကိုမှ

မသ.တ်ခဲ့ဘူးပါဘူး၊ ဒါကိုတောင် အခုလို ပ.ုဒ်မတပ်နေရင် “ဘာမဆို လုပ်ရဲတယ်”ဆိုတဲ့ စကားနဲ့ စဉ်းစားဆင်ခြင်ဉာဏ်မရှိ လုပ်ခဲ့တဲ့ လူတယောက်ကြောင့် ပြည်သူတွေ တပ်မတော်သားတွေ ရာထောင်ချီပြီး အသ.တ်ခ.ံခဲ့ရတဲ့အတွက် အဲ့လိုလူကိုသာ အခုချက်ခြင်း ကြ.ိုးပေးသင့်ပါတယ်

တရားသူကြီး။ (၄)လက်ရှိ နိုင်ငံအုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် အသိပညာအမျှော်အမြင်နှင့် လူ့ကျင့်ဝတ်ဆိုင်ရာ ဂုဏ်သိက္ခာများ ပေ.ျာက်က.ွယ်နေသည်ကတော့ အထင်အရှားပင် ဖြစ်သည်။ အရေးတော်ပုံ အောင်ရမည်!!! Hla Soewai။
Credit-Original Post