‘စစ်ကောင်စီ’ဟုသုံးနှုန်းသည့်သူများအား ဖမ်းဆီးအရေးယူရန် မအလတို့ စစ်အုပ်စု စေခိုင်းထား

စ.စ်ကောင်စီဟု သုံးနှုန်းရေးသားခြင်းများကို စုံစမ်းဖော်ထုတ် အေ.ရးယူသွားမည်ဟု

ရခိုင်ပြည်နယ်စ.စ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက DMG နှင့်တွေ့ဆုံစဉ် ပြောကြားသည်။ အလားတူ မီဒီယာကျင့်ဝတ်နှင့်မညီဘဲ ကျော်လွန်ရေးသားခြင်းများကို စောင့်ကြည့်မှုများလုပ်ဆောင်နေ၍ အဖြစ်မှန်မဟုတ်ဘဲ ထ.ိုးနှ.က်ရေးသားခြင်းများတွေ့ရှိပါက အေ.ရးယူသွားမည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့က အလ.စ်အငိုက်ဖ.မ်းပြီး တန်းအေ.ရးယူတာမျိုးမလုပ်ပါဘူး။ သတိပေးတာတွေ၊ စာနယ်ဇင်းကောင်စီဆီတ.ိုင်ကြားတာတွေ အရင်လုပ်မှာပါ။ နောက်တစ်ခုက အချို့ရခိုင်မီဒီယာတွေက စ.စ်ကောင်စီလို့ သုံးတုန်းပဲလို့ သိရတယ်။ ဒီလိုအသုံးအနှုန်းတွေကိုတော့ ေ.ရှာင်ကျ.ဉ်ဖို့လိုတယ်။

အ.န္တရာ.ယ်ရှိပါတယ်။ အပေါ်ကကိုက အေ.ရးယူခိုင်းထားတာပါ”ဟု ဦးလှသိန်းက ပြောသည်။ စ.စ်ကောင်စီ၏လက်အောက်ခ.ံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှလည်း စ.စ်ကောင်စီဟု မရေးသားရန်ညွှန်ကြားထားကြောင်း၊ စ.စ်ကောင်စီမှလည်း စ.စ်ကောင်စီဟု မသုံးနှုန်းရန်

ထုတ်ပြန်ထားကြောင်းနှင့် ငြိမ်းချမ်းရေးကိုပ.ျက်ပြ.ားစေနိုင်သည့် အသုံးအနှုန်းများကို Printထုတ်ပြီး စုဆောင်းထားကြောင်း ရခိုင်ပြည်နယ်စ.စ်ကောင်စီက ဆိုသည်။ စ.စ်ကောင်စီဟု အသုံးအနှုန်းမျိုး မသုံးစွဲရန်နှင့် သုံးစွဲပါက အေ.ရးယူမှုများရှိလာနိုင်သည်ဟု ပြောဆိုခြင်းမှာ

သတင်းမီဒီယာအပေါ် ဆ.င်ဆာဖြ.တ်သည့်လုပ်ဆောင်ချက်ဟု ယခင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။ “လက်ရှိ သူတို့ဘက်က ဒီစ.စ်ကောင်စီဆိုတာကို နှိ.မ့်ခ.ျတဲ့ အသုံးအနှုန်းလို့ ယူဆပုံရပါတယ်။ အမှန်တော့ ဒါဟာ အတိုကောက်အသုံးနှုန်းသာသာပါပဲ။

တပ်က အ.ာဏာသ.ိမ်းတယ်ပြောပြော၊ ထိန်းတယ်ပြောပြော သူတို့ကောင်စီအရင်ဖွဲ့ခဲ့တာပဲလေ။ ဒီတော့ စ.စ်တပ်ဆိုတာလည်းမှန်တယ်။ ကောင်စီဆိုတာလည်း မှန်တာပဲလေ။ သူတို့သုံးစေချင်တာပဲ သုံးရမယ်ဆိုတာကတော့ ဆ.င်ဆာလုပ်တဲ့သဘောပါပဲ”ဟု ၎င်းကပြောသည်။

ယင်းအပြင် စ.စ်ကောင်စီမှ ကျင့်ဝတ်ထက်ကျော်လွန်ရေးသားသည်ဟု ယူဆရသော သတင်းမီဒီယာများကို စောင့်ကြည့်နေသည်ဟုဆိုခြင်းမှာ ကျင့်ဝတ်ဆိုသည့် ဝေါဟာရကို လိုသလိုဆွဲသုံးသည့်သဘောမျိုးဖြစ်နေကြောင်း ဦးမြင့်ကျော်က ဆက်လက်ပြောသည်။

“တကယ်တမ်းကျတော့ အချက်အလက်မှန်ဖို့ရယ်၊ ဘက်မျှဖို့ရယ်၊ အချက်အလက်တိကျဖို့ရယ်နဲ့ ကိုယ့်သတင်းအရင်းအမြစ်တွေ အ.န္တရာ.ယ်မကျဖို့ရယ် ဆိုတာတွေက သတင်းမီဒီယာတွေရဲ့ အခြေခံကျင့်ဝတ်တွေပဲလေ။ နောက်ပြီး သတင်းအရင်းအမြစ်တွေက ဖြေဖို့လည်းလိုအပ်ပါတယ်။

သူတို့ကို မေးတဲ့အခါ န.ှုတ်ဆ.ိတ်နေပြီးတော့ ရေးပြီးတော့မှ ဘက်မမျှဘူးဆိုပြီး လုပ်တာမျိုးကျတော့ အမ.ှားစောင့်နေတဲ့သဘောမျိုး သက်ရောက်တာပေါ့”ဟု သူကရှင်းပြသည်။ ပြည်သူကို အေ.ကြာက်တရားနှင့် အုပ်ချုပ်၍မရတော့ကြောင်း Dvelopment Media Group (DMG)၏

Operation Manager ကိုဇော်ဇော်ကလည်း ထောက်ပြသည်။

“အာဏာရှိသူတွေအကြိုက်ပဲ လိုက်ရေးနေရရင်တော့ ကျွန်တော်တို့က ကုန်းဘောင်ခေတ်က မင်းတုန်းမင်းလက်ထက်မှာလောက်တောင် သတင်းလွတ်လပ်ခွင့် မရှိတော့ဘူးဖြစ်သွားမှာပေါ့၊ နဝတ၊ နအဖ ခေတ်တုန်းကလို

ပြည်သူကို အေ.ကြာက်တရားနဲ့ ခြိ.မ်းခြေ.ာက်အုပ်ချုပ်လို့ မရတော့ပါဘူး။ အမှန်တရားဖက်မှာ ပြည်သူတွေက အမြဲတမ်း ရှိပြီးသားပါ”ဟု ပြောသည်။ မီဒီယာများအနေဖြင့် လေ.ာ်ဘ.ီလုပ်နေခြင်းမဟုတ်ကြောင်း၊ အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ပြည်သူကိုချပြရမည်ဖြစ်ကြောင်း၊ ရှင်းရှင်းလည်းပဲ စ.စ်တပ်ကဦးဆောင်ဖွဲ့စည်း၍

စ.စ်ကောင်စီဟုသုံးနှုန်းခြင်းဖြစ်ကြောင်း ကိုဇော်ဇော်ကဆိုသည်။ မြန်မာစ.စ်တပ်မှ ဖေဖော်ဝါရီ (၁)ရက် အ.ာဏ.ာရယူပြီးနောက် သတင်းမီဒီယာတိုက်အချို့ကို ဝင်ရောက်စ.ီးန.င်း ချိတ်ပ.ိတ်မှုများရှိခဲ့ပြီး သတင်းမီဒီယာသမားအချို့လည်း ဖ.မ်းဆီးတရားစ.ွဲဆိုခ.ံထားရမှုများ ရှိနေသည်။

Credit-Original Post