ဒီနေ့တိုက်ပွဲစဖြစ် ပြေးကြလွှားကြတော့ ဒီကလေး ရယ် သူ့ အဖေနဲ့အမေရယ် ဆိုင်ကယ်တစီးနဲ့ပြေးကြရင်း ဆိုင်ကယ်မှောက်….

အမေဖြစ်တဲ့သူကခြေထောက်ကျိုး ဆေးခန်းရောက်လာပါလေရော…

ကိုယ်တွေလည်းပြေးဖို့ ပစည်းထုပ်နေပိုးနေတုန်းလုပ်လက်စအလုပ်ရပ်ပြီး လူနာကြည့်ကျိုးတာသေချာတော့ ကျောက်ပတ်တီးကိုင်ဖို့ပြင်ကျိုးတဲ့ခြေထောက် ကျောက်ပတ်တီးကိုင်ပြီးသွားလို့ရပြီဆိုတော့…

ကလေးအဖေက သွားဖြီးပြပြီးဆရာမ ကျွန်တော် မိန်းမကို အရင် လွတ်ရာကျွတ်ရာသွားပို့လိုက်ဦးမယ်ဒါလေးခဏယူထား ပြီးရင်ပြန်လာယူမယ်တဲ့…

အဲ့ဒါလေးက အချိန်တန်တော့ ဗိုက်ဆာတော့လက်မကြီးတပြွတ်ပြွတ်စုပ်ပါလေရောကလေးအဖေကလည်း ပြန်မရောက်သေးတော့တဘူးတည်းသော လက်ကျန်နို့မူန့်လေး ဖျော်တိုက်တော်ပါသေးတယ်။

ကလေးအဖေအမြန်ပြန်ရောက်လာလို့မဟုတ်ရင် ငါအဲ့ဒါလေးကို ပိုက်ပြီး ပြေးရမှာ…

Credit A Nyein

(ZAWGYI)







Credit A Nyein