သံပုံးတီးသံကြားတိုင်း ကျွန်တော်ငိုခဲ့ရတယ်’- ဗိုလ်ကြီး ထွန်းမြတ်အောင်

သံပုံးတီးသံကြားတိုင်း ကျွန်တော်ငိုခဲ့ရတယ်’- ဗိုလ်ကြီး ထွန်းမြတ်အောင်

သံပုံး စပြီးတီးကြတဲ့အချိန် ရန်ကုန်မှာ မိဘပြည်သူများဘာညာ အော်ပြီး ကျနော်တို့က ညကင်း စလှည့်နေပြီ။ သံပုံးတီးသံတွေက ဗလအားကိုးနဲ့

အန.ိုင်ကျ.င့်ခ.ံရတဲ့သူ ပြန်မလ.ုပ်နိုင်လို့ န.ာက.ျည်းအော်ည.ည်းနေသလိုပါပဲလား။ ကျနော် ကားပေါ်မှာတင် မျ.က်ရည်က.ျခဲ့တာ ဘယ်သူမှတော့ သတိမထားမိခဲ့ပါဘူး။ နောက်ထပ် မြင်ကွင်းတစ်ခုက ကျနော်တို့ စခန်းချတဲ့နေရာဘေးက အိမ်။ သူများအိမ်တွေ သံပုံးတီးတော့

သူလည်း တီးချင်တာပေါ့။ အပြင်ထွက်လိုက် အထဲပြန်ဝင်လိုက်နဲ့ နောက်ဆုံး အရ.ဲစ.ွန့်ပြီး လေးငါးချက်လောက် တီးပြီးတာနဲ့ ကျနော်တို့ဘက်လှည့်ကြည့်ပြီး ေ.ကြာက်ေ.ကြာက်နဲ့ အိမ်ထဲပြန်ဝင်သွားတဲ့ အဒေါ်ကြီး။

ကျနော် တခါ င.ိုရပြန်တယ်။ ကျနော် အပြင်ရောက်ပြီးတာနဲ့ တည်းအိမ်မှာနေတုန်းက ညတိုင်း သံပုံးတီးမပ.ျက်ခဲ့ပါဘူး။ တီးနေရင်း တခါတလေ တိုက်အောက်ကို ကြည့်ရင် လမ်းမှာ ကင်းလှည့်နေကြတာ လှမ်းမြင်ရတယ်။ ကားခေါင်းခန်းမှာ ဘယ်သူများ င.ိုနေမလဲ။ စီဒီအမ်ဗိုလ်ကြီး ထွန်းမြတ်အောင်

Crd-Origialnal Post