မြို့ပြစစ်ပွဲအတွက် ကြိုပြင်ထားကြဖို့ သတိပေး တိုက်တွန်းနှိုးဆော်လာတဲ့ ပြောက်ကျားအဖွဲ့များ

မြို့ပြစစ်ပွဲအတွက် ကြိုပြင်ထားကြဖို့ သတိပေး တိုက်တွန်းနှိုးဆော်လာတဲ့ ပြောက်ကျားအဖွဲ့များ

ရန်ကုန်မြို့တွင် တို.က်ပွဲအချိန် နီးကပ်လာပြီဖြစ်၍ ပြည်သူ့ကာကွယ်ရေးအတွက် ပြင်ဆင်ထားကြရန်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F )များကို အကူအညီပေးကြရန် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက တိုက်တွန်းလိုက်သည်။(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ယမန်နေ့ (ဩဂုတ် ၂၀) က ရန်ကုန်မြို့တွင်း တို.က်ခို.က်မှုတချို့မှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်းလည်း အတည်ပြုကြသည်။ ရန်ကုန်ပေါ.က်ကွဲမှုများ- စစ်တပ်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်ရှိ

တပ်မတော်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ၏ မော်တော်ယာဉ် ၃ စီးကို ဖောက်ခွဲခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားအဖွဲ့ဝင်တစ်ဦးက မြန်မာ Now ကို ပြောသည်။“ဝန်ထမ်းတွေကို မတရားဖိနှိ ပ်ခိုင်းစေနေတာတွေရှိတယ်။ ဝန်ထမ်းတွေကို ထိခို.က်မှာစိုးလို့ သူတို့ရဲ့ ထောက်ပို့ကားတွေကိုပဲ ကျွန်တော်တို့က လုပ်လိုက်တာပါ။

လူမေ.သလောက်ဘူး။ ကားကိုပဲ Target (ပစ်မှတ်) ထားတာ” ဟု ၎င်းက ဆိုသည်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ထိပ်ရှိ ရဲစခန်းကို ယမန်နေ့ ည ၇ နာရီ ဝန်းကျင်က ဖောက်ခွဲခဲ့ပြီး ဒဏ်ရာရသူများရှိသည်ဟု လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF-HTY) က အတည်ပြုသည်။ပေါ.က်ကွဲအားပြ င်းထ.န်သည့်

Control Bomb အမျိုးအစားဖြင့် ထိန်းချုပ်ဖေ.ာက်ခွဲခဲ့ပြီး ေ.သဆုံ း၊ ဒ.ဏ်ရာရမှုများရှိသည်ဟု ရဲစခန်းအနီးနေထိုင်သူများထံမှ ကြားသိရကြောင်း ကိုသူတော်ဟု လျှို့ဝှက်အမည်ပေးထားသော လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။“အားကလည်း ပြင်းထန်တယ်။ ကားထဲမှာ ထောင်ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်

အဲဒီကားလည်း ပေါက်ကွဲသွားခဲ့တယ်။မျက်မြင်သက်ေ.သတချို့ကလည်း အဲဒီနားပတ်ဝန်းကျင်မှာ ထိခို.က်သွားတာ တွေ့တယ်လို့တော့ ပြောပါတယ်” ဟု ကိုသူတော်က ဆက်ပြောသည်။လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ထိပ်ရဲစခန်းကို မြန်မာ Now က ဆက်သွယ်မေး မြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

လသာရဲစခန်း ပ.စ်ခ တ်မှု- ရန်ကုန်မြိုလယ်ခေါင် လသာလမ်းပေါ်ရှိ လသာမြို့နယ်ရဲစခန်းတွင် ယမန်နေ့ ည ၇ နာရီ ဝန်းကျင်၌ ပေါ.က်ကွဲသံများကြားရပြီးနောက် ဆက်တိုက်ဆိုသလိုပင် ပ.စ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း စခန်းဝန်းကျင် နေထိုင်သူတချို့က ပြောသည်။လသာလမ်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်

ညစာစားနေချိန် ထိုသို့ကြားခဲ့ရကြောင်း လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောခြင်း ဖြစ်သည်။ “ဝုန်း ဆိုတဲ့ အသံက နည်းနည်းကျယ်တယ်။ တစ်ချက်ကြားပြီးတော့ ဆက်တိုက် ဖောက် ဖောက် ဖောက် ဖောက် ဆိုပြီး ပ.စ်တယ်။ နည်းနည်းလေးကြာတော့ နောက်ထပ် ၂ ချက် ၃ ချက် ပ.စ်ခ တ်တဲ့ အသံတွေ ကြားရတယ် ” ဟု

၎င်းက ဆက်ပြောသည်။ပ.စ်ခ တ်မှုဖြစ်ပွားပြီးနောက် လသာရဲစခန်းတည်ရှိရာ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား လသာလမ်းမ ဘလောက်ကို စစ်တပ်က မီ.းအမှောင်ချ၍ ပိတ်ဆို့လိုက်ကာ ယနေ့ နံနက်ပိုင်းအထိပင် ထိုလမ်းမကို ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။“ကျွန်တော်တို့ မြင်လိုက်ရတာက ကားမောင်းထွက်သွားတယ်။

(အဲဒီကား) အနောက်ကနေပြီးတော့ စစ်ကားတွေ လိုက်သွားတာ တွေ့လိုက်ရတယ်” ဟု ၎င်းက ပြောသည်။လသာရဲစခန်း အမည်းရောင်အထုပ်ဖြင့် ပ.စ်ပေါ က်ခံရပြီး ပစ်ခတ်သံများကြားရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း လသာရဲစခန်းက တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိသောကြောင့်

မေးမြန်းအတည်ပြုနိုင်ရန် ခက်ခဲနေသည်။ရန်ကုန်အခြေစိုက် မြို့ပြပြောက် ကျားအဖွဲ့များက ထိုပစ်ခတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း မြန်မာ Now ကို ပြောသည်။ယင်းပေါ.က်ကွဲ ပ.စ်ခ တ်မှုများနှင့် ပတ်သက်ပြီး ဒ.ဏ်ရာရမှု၊ သေဆုံးမှု၊ ပျက်စီးမှု အခြေအနေကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီရန်က ကာကွယ်ရန် တိုက်တွန်း- စစ်ကောင်စီကို အရှိန်မြှင့် ပ.စ်မှတ်ထားတို က်ခိုက်သွားမည်ဖြစ်၍ ရန်ကုန်လူထုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တိုက်ပွဲသတင်းထုတ်ပြန်မှုများကို နားစွင့်ကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြ.မ်းဖက်လုပ်ရပ်များမှ ကာကွယ်ရေး ပြင်ဆင်ထားကြရန်

ရန်ကုန် အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက တိုက်တွန်းသည်။လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ ( CGF-HTY) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်တွဲလုပ်ဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) များကို စုပေါင်းဖွဲ့စည်းထားသည့်

Area 21 အဖွဲ့ဝင် ပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သည်ဟု ဆိုသည်။ Area 21 အဖွဲ့မှာ တစ်နိုင်ငံလုံးရှိ မြို့ပြပြောက်ကျားအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းထားခြင်းဖြစ်ပြီး NUG ၏ လမ်းညွန်မှုဖြင့် လှုပ်ရှားနေသည်ဟု ထိုအဖွဲ့ဝင် မြို့ပြပြောက်ကျားအဖွဲ့

CGF- HTY ခေါင်းဆောင် ကိုသူတော်ထံမှ သိရသည်။“Area 21 က ရဲဘော်တွေအကုန်လုံးက NUG နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်ပြီးတော့ လှုပ်ရှားနေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ NUG က ဆရာကြီးတချို့ရဲ့ အကူညီအထောက်ပံ့ပေးတာတွေလည်းရှိပါတယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း ရန်ပုံငွေရှာတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။ “တခြားနေရာတွေ ဖိလို့ မရလို့ရှိရင် သူတို့က ရန်ကုန်နဲ့ မန္တလေးကို ဖိလာမှာပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့ က ရန်ကုန်နဲ့ မန္တလေး၊ ပဲခူးတို့ကို အများကြီး မထိခိုက်စေချင်ဘူး”မြို့ပြပြောက်ကျားစစ်ဆင်ရေးများ တိုးမြှင့်သွားမည်ဖြစ်၍ ရန်ကုန်တွင်

နေထိုင်သူတို့ ရှေးဦးသူနာပြုစုနည်းများနှင့် ကာကွယ်နိုင်ရေးပြင်ဆင်ထားရန် လိုအပ်ကြောင်း ကိုသူတော်က ဆက်ပြောသည်။ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့သည် NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊ ပြည်သူတို့၏ကူညီမှု လိုအပ်ကြောင်း ပြောသည်။“ရန်ကုန်လူထုအနေနဲ့

အရေးကြီးတဲ့အချိန်က တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တာကြောင့် အခုကတည်းက ပြင်ဆင်ထားပြီးတော့ NUG က ထုတ်ပြန်တဲ့ တိုက်ပွဲသတင်းတွေကို နားစွင့်ထားဖို့ နဲ့ P.D.F တွေကို တတ်နိုင်သမျှ အကူအညီပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီသည် အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူတို့ကို

အသက်အရွယ်၊လူမျိုးမရွေး အကြမ်းဖက်နှိမ်နင်းလျက်ရှိရာ သ.တ်ဖြတ်ခံရ၊ ဖ.မ်းဆီးခံရမှုများကို ဒေသအသီးသီးတွင် တွေ့နိုင်သည်။စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၀၀၇ ဦးထက်မနည်း ေ.သဆုံ းခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအဖွဲ့ (AAPP) က ဩဂုတ် ၂၁ တွင် ထုတ် ပြန်သည်။

စစ်ကောင်စီက AAPP ကိန်းဂဏန်းကို ငြင်း ပယ်သော်လည်း ဖ.မ်းဆီ း၊ သ.တ်ဖြ တ်မှုအရှိန် လျှော့ချခြင်း မရှိသေးပေ။စစ်ကောင်စီ၏ အကြမ်းဖက်တိုက် ခိုက်မှုကို ခုခံသည့် လ.က်န က်ကိုင်အံတုမှုများ နေရာအနှံ့တွင် ဆက်လက်ဖြစ်ပေါ်နေသည်။

Crd-Original Post