ဘယ်လိုနေရာပဲရောက်ရောက် ဘယ်တော့မှ သွေးအေးသွားမှာမဟုတ်ဘဲ အဆုံးသတ်တိုက်ပွဲအထိ တိုက်ပွဲဝင်သွားမယ့် မြနှင်းရည်လွင်…

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြသူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင်တစ်ယောက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

သူမဟာ နွေဦးတော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွံဆိုအရေးယူခံထားရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့နေရာတွင် နေထိုင်နေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြနှင်းရည်လွင်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်းလက်သုံးချောင်းထောင်ထားတဲ့ သူမရဲ့ ပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်ဟာ ပြည်သူ့အစိုးရ NUG မှ ထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်။ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ

(NUG)လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန Facebook Page တွင်လည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အနုပညာရှင်ဖြစ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များအားလုံးဟာ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။

အရေးတော်ပုံအောင်မြင်သွားတဲ့အခါ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကို အရင်ကထက်ပိုပြီး ချစ်ခင်အားပေးကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Crd-Original Post