လွတ်မြောက်နယ်မြေတွင် ခက်ခက်ခဲခဲချက်ပြုတ်စားသောက်နေရတဲ့ အခြေအနေကို ပုံနှင့်တကွ ဝေမျှပေးလာတဲ့ ကိုပေါက်

ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူ အမှန်တရားဘ က်ကနေ ရပ်တည်ခဲ့တဲ့အတွက် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

သူကတော့အခြေအနေအရပ်ရပ်ကြောင့် မိ သားစုနဲ့ ခွဲခွာပြီး ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာ လပေါင်းများစွာကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း လူမှုကွန်ယက်တွင် အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ကိုပေါက်ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်က ကိုပေါက်ရဲ့ Fa cebook အကောင့်တွင် အချိန်အတော်ကြာ ပျောက်ကွယ်နေရတဲ့အကြောင်းရင်းကို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအရ (၃) လလောက် ပိတ်ထားခဲ့ရတဲ့ သူ့အကောင့်လေး ပြန်အသက်ဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့။

Facebook ပေါ်ကနေ ပျောက်နေလို့ စိုးရိမ်စိတ် ပူပေးကြတဲ့ စိတ်တူကိုယ်တူ ချစ်မိတ်ဆွေများကိုလည်း ကျေးဇူးတင်မိကြောင်း ရေးသားထားပါတယ်။

သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါဝေဒနာကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကျန်းမာလာပြီလို့ ပြောပြထားပါတယ်။

ဒီရောဂါဟာ လူ့အသက်ကိုပါ ဒုက္ခပေးတဲ့အတွက် မပေါ့ဆကြဖို့နဲ့ အားလုံး ကျန်းမာဘေးကင်းပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေနိုင်ပါစေလို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးခရီးတစ်ထောက်နားတိုင်း မိတ်ဆွေရင်း ညီအစ်ကိုမောင်နှမပမာ ကူညီစောင့်ရှောက်ပေးခဲ့သူများအားလုံးကိုလည်း ကျေးဇူးတင် ရှိကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် တောထဲမှာ နေထိုင်နေရတဲ့ လက်ရှိအခြေအနေကိုလည်း ပုံနှင့်တကွဝေမျှပေးထားတာဖြစ်တဲ့အတွက် အားလုံးလည်း သိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

 

Crd-Original Post

(ZAWGYI)

လြတ္ေျမာက္နယ္ေျမတြင္ ခက္ခက္ခဲခဲခ်က္ျပဳတ္စားေသာက္ေနရတဲ့ အေျခအေနကို ပုံႏွင့္တကြ ေဝမွ်ေပးလာတဲ့ ကိုေပါက္

ဒါ႐ိုက္တာ ကိုေပါက္ကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးတြင္ ျပည္သူေတြနဲ႔အတူ အမွန္တရားဘ က္ကေန ရပ္တည္ခဲ့တဲ့အတြက္ အာဏာရွင္လူတစ္စုမွ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ အေရးယူ ခံထားရတာ ျဖစ္ပါတယ္။

သူကေတာ့အေျခအေနအရပ္ရပ္ေၾကာင့္ မိ သားစုနဲ႔ ခြဲခြာၿပီး ေဘးကင္းလုံၿခဳံရာသို႔ တိမ္းေရွာင္ေနရတာ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း လူမႈကြန္ယက္တြင္ အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္ေနတဲ့ ကိုေပါက္ရဲ႕ လုံၿခဳံေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေလာက္က ကိုေပါက္ရဲ႕ Fa cebook အေကာင့္တြင္ အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနရတဲ့အေၾကာင္းရင္းကို ေရးသားေျပာျပလာခဲ့တာ ျဖစ္ပါတယ္။

လုံၿခဳံေရးအရ (၃) လေလာက္ ပိတ္ထားခဲ့ရတဲ့ သူ႔အေကာင့္ေလး ျပန္အသက္ဝင္ခြင့္ရတဲ့အတြက္ ဝမ္းသာမိေၾကာင္းနဲ႔။

Facebook ေပၚကေန ေပ်ာက္ေနလို႔ စိုးရိမ္စိတ္ ပူေပးၾကတဲ့ စိတ္တူကိုယ္တူ ခ်စ္မိတ္ေဆြမ်ားကိုလည္း ေက်းဇူးတင္မိေၾကာင္း ေရးသားထားပါတယ္။

သူကိုယ္တိုင္လည္း ကိုဗစ္ေရာဂါေဝဒနာကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီး ျပန္လည္က်န္းမာလာၿပီလို႔ ေျပာျပထားပါတယ္။

ဒီေရာဂါဟာ လူ႔အသက္ကိုပါ ဒုကၡေပးတဲ့အတြက္ မေပါ့ဆၾကဖို႔နဲ႔ အားလုံး က်န္းမာေဘးကင္းၿပီး ဆႏၵနဲ႔ဘဝ တစ္ထပ္တည္းက်ေစႏိုင္ပါေစလို႔ ဆုေတာင္းေပးေနတာ ျဖစ္ပါတယ္။

ေတာ္လွန္ေရးခရီးတစ္ေထာက္နားတိုင္း မိတ္ေဆြရင္း ညီအစ္ကိုေမာင္ႏွမပမာ ကူညီေစာင့္ေရွာက္ေပးခဲ့သူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ ရွိေၾကာင္း ေရးသားထားပါတယ္။

ဒါ့အျပင္ ေတာထဲမွာ ေနထိုင္ေနရတဲ့ လက္ရွိအေျခအေနကိုလည္း ပုံႏွင့္တကြေဝမွ်ေပးထားတာျဖစ္တဲ့အတြက္ အားလုံးလည္း သိရွိေစဖို႔ ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

 

Crd-Original Post