လန်ဒန်မှာကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲတွင် တတပ်တအား ပါဝင်အားဖြည့်ပေးခဲ့တဲ့ အမေစုရဲ့သားငယ်ကင်မ်
ပြည်ပရောက်မြန်မာလူမျိုးတွေကတော့ မိမိတို့အမိမြေအတွက် ရေခြားမြေခြားရောက်နေတာတောင် တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက ကိုရီးယား၊ဂျပန်၊ထိုင်း၊နယူးယောက်၊လန်ဒန် စတဲ့နိုင်ငံအသီးသီးမှာရောက်ရှိနေကြပြီး
.မြန်မာနိုင်ငံအရေးကို ကမ္ဘာကသိအောင် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းကပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ကိုယ်ချင်းစာနာပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။ မိမိတို့ရောက်ရှိနေတဲ့နိုင်ငံတွေမှာ မြန်မာလူမျိုးတွေက ရန်ပုံငွေပွဲတွေ၊ဆန္ဒထုတ်ဖော်ပွဲတွေကို ဒီနေ့အချိန်ထိလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ဩဂုတ်လ (၂၂)ရက်နေ့ကဆိုရင်လည်း လန်ဒန်မြို့မှာမြန်မာ့နွေဦးေ.တာ်လှ.န်ရေးအတွက် ရန်ပုံငွေရှာပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ မြန်မာလူမျိုးတွေအပြင် နိုင်ငံခြားသားတွေကပါရန်ပုံငွေပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အမေစုရဲ့သားငယ်ကင်မ်ကလည်း နွေဦးေ.တာ်လှ.န်ရေးစကတည်းက မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကင်မ်က သူ့ရဲ့မိခင်လွတ်မြောက်ပြီး မြန်မာပြည်သူတွေဒီမိုကရေစီရရှိဖို့အတွက် တတ်နိုင်တဲ့နေရာကနေ
ကြိုးစားပေးနေတာဖြစ်ပါတယ်။ မနေ့က ရန်ပုံငွေပွဲမှာလည်း ကင်မ်က တတပ်တအား ပါဝင်အားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး မြန်မာအတွက်ကျင်းပပေးတဲ့ပွဲတိုင်းမှာ တက်ရောက်ပေးတဲ့ ကင်မ်ကို မြန်မာလူမျိုးတွေကလည်း ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ မြန်မာနိုင်ငံအတွက် ကူညီပေးနေတဲ့ ကင်မ်ရဲ့ပုံရိပ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Crd-Original Post
(ZAWGYI)
အမေစုရဲ့သားငယ်ကင်မ်ကလည်း နွေဦးေ.တ်ာလှ.န်ရေးစကတည်းက မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိခဲ့တာဖြစ်ပါတယ်။
Crd-Original Post