ကြည့်လိုက်တာနဲ့ ကြက်သီးထစဖွယ်ကောင်းတဲ့ ကြွေကျလာသော ကောင်းကင်တမန် ရဲ့ဓာတ်ပုံများ

ကြည့်လိုက်တာနဲ့ ကြက်သီးထစဖွယ်ကောင်းတဲ့ ကြွေကျလာသော ကောင်းကင်တမန် ရဲ့ဓာတ်ပုံများ

သင်က ကောင်းကင်တမန်တွေကို ယုံလား။ “ ကျဆင်းလာသော ကောင်းကင်တမန်” ကို သရုပ်ဖော်ထားတဲ့ ဓာတ်ပုံများက သင့်ကို ကြက်သီးထစေမှာ သေချာပါတယ် ။

Netizen Jimmy Ollie က Facebook မှာ မျှဝေတဲ့ ပို့စ်ဟာ လန်ဒန်မှာ ကောင်းကင်တမန်က ကောင်းကင်မှဆင်းသက်တာကို တွေ့ရတယ်လို့ ဆိုပါတယ် ။

လူသားနဲ့ တူတဲ့ သတ္တဝါဟာ ကြက်တောင်ပံများနဲ့ တူပြီး အမွေးအတောင်မရှိတော့ပုံရပါတယ် ။ ဒီကောင်းကင်တမန်ဟာ ၂၀၀၈ ခုနှစ်တုန်းက ပီ

ကင်းအနုပညာရှင် Sun Yuan နဲ့ Peng Yu တို့ရဲ့ လက်ရာတွေကို ထုတ်ဖော်ပြသခဲ့တဲ့ ပန်းပုတစ်ခုသာဖြစ်တယ်ဆိုတာသိသာ ထင်ရှားပါတယ် ။

Bored Panda ရဲ့ အဆိုအရအနုပညာရှင်များက “ သဘာဝလွန်နဲ့ လောကီအကြားတင်းမာမှုနဲ့ အသွင်ကူးပြောင်းရေး” ကို မီးမောင်းထိုးပြရန် ရည်ရွယ်ခဲ့ပါတယ် ။

ထိုကောင်းကင်တမန်က ဘုရားသခင့်အစီအစဉ်ကို မဆောင်ရွက်နိုင်တာကြောင့် တန်ခိုးမရှိတော့ပဲ မြေကြီးပေါ်သို့ကျလာခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။

ဒဏ္ဏာရီများနဲ့ ဘာသာတရားများစွာက မကြာခဏဆိုသလို“ ဘုရားသခင် (သို့) ကောင်းကင်နဲ့မြေကြီးအကြား ကြားခံအဖြစ်ဆောင်ရွက်တဲ့ ကောင်းမြတ်သောကောင်းကင်ဘုံသတ္တဝါများ” လို့ ဖော်ပြလေ့ရှိပါတယ် ။

ထိုသဘာဝလွန်သတ္တဝါများက တန်ခိုးစွမ်းအားတွေရှိကြပါတယ် ။ သူတို့ရဲ့ စရိုက်လက္ခဏာပေါ်မူတည်ပြီး သူတို့ရဲ့စွမ်းအားတွေရဲ့ အတိုင်းအတာက ကွာခြားနိုင်ပါတယ် ။

အနုပညာလက်ရာအများစုက အတောင်ပံများပါဝင်သောသတ္တဝါများအဖြစ် သရုပ်ဖော်ထားသော်လည်း၊ ကောင်းကင်တမန်အားလုံးက သမ္မာကျမ်းစာအရင်းအမြစ်များကို အခြေခံပြီး အမှန်တကယ်မှ

ာ အတောင်များမရှိပါဘူး ။

(ဟေရှာယ ၆ နဲ့ ယေဇကျေလ ၁၀ ကဲ့သို့) သမ္မာကျမ်းစာများအရ ခေရုဗိမ်နဲ့ Seraphim တို့မှသာ အတောင်များရှိတာပါ ။

JRose KBdailynews

Reference rachfeed