ခြေသည်းတွေလန်တဲ့အထိလမ်းလျှောက်ရလို့ တောစီးဖိနပ်လေးတစ်ရံလှူပေးကြဖို့ တောင်းဆိုလာတဲ့ PDF လူငယ်တစ်ဦး…..

အရာအားလုံးကိုစွန့်လွှတ်ပြီး တောထဲဝင်ကာ လက်နက်ကိုင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်လေးတွေဟာ အဖက်ဖက်က ပင်ပန်းဆင်းရဲမှူတွေကို ကြံ့ကြံ့ခံပြီး ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ကြိုးစားနေခဲ့ပါတယ်။

သူတို့ရဲ့ဖြတ်သန်းရတဲ့ ဘဝတွေဟာ အားလုံးထင်ထားတာထက် ပိုခက်ခဲပြီး ကြမ်းတမ်းလွန်းပါတယ်။စားနပ်ရိက္ခာမပြည့်စုံလို့ မကြာခဏဆိုသလိုအကူအညီတောင်းကြတဲ့ PDF လူငယ်လေးတွေကို ပြည်သူတွေကလည်း ရသမျှနည်းနဲ့ ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။

ဒီနေ့မှာလည်း တောထဲက PDF လူငယ်တစ်ယောက်ဟာ သူ့အတွက်အရေးပေါ်လိုအပ်တဲ့ တောနင်းဖိနပ်လေးတစ်ရံနဲ့ ပစ္စည်းဆောင်အိတ်လေးတွေအပြင် ခေါက်ဆွဲခြောက်ဖာလေးတွေကို အကူအညီတောင်းခံလာခဲ့ပါတယ်။

ရသမျှအလှုငွေကိုလည်း ကိူယ်ကျိုးအတွက်အသုံးမချဘဲ အာဏာရှင်ကိုတော်လှန်ဖို့ အကျိုးရှိတဲ့နေရာတွေအတွက်ပဲ အသုံးချမယ့်အကြောင်း ကတိစကားလည်း ပြောခဲ့ပါသေးတယ်။ဒီလိုစွန့်လွှတ်စွန့်စားလူငယ်လေးတွေကို ထောက်ပံ့ပေးရတာ တကယ်ကိုထိုက်တန်ပါတယ်။

ဆယ်လီတွေရှိတဲ့တပ်တွေကအဆင်ပြေပေမယ့် အကူအညီလိုသလောက်မရတဲ့တပ်တွေမှာတော့ အတော်လေးကိုခက်ခဲနေကြတာမို့ အခုလိုအကူညီတောင်းလာတာပဲဖြစ်ပါတယ်။

လူငယ်ဘဝရဲ့ ပျော်ရွှင်စရာတွေအားလုံးကိုစွန့်လွှတ်ပြီး ပြည်သူ့အောင်ပွဲအတွက်ပဲ အပြင်းအထန်ကြိုးစားနေတဲ့ PDF လူငယ်လေးတွေကို ပြည်သူတွေကလည်း မေတ္တာထားပြီး လှူဒါန်းပေးကြတာ တကယ်ကိုကျေနပ်စရာပါ။

Crd-Original Post

(ZAWGYI)

ေျခသည္းေတြလန္တဲ့အထိလမ္းေလွ်ာက္ရလို႔ ေတာစီးဖိနပ္ေလးတစ္ရံလႉေပးၾကဖို႔ ေတာင္းဆိုလာတဲ့ PDF လူငယ္တစ္ဦး…..

အရာအားလုံးကိုစြန႔္လႊတ္ၿပီး ေတာထဲဝင္ကာ လက္နက္ကိုင္ခဲ့တဲ့ ေတာ္လွန္ေရးရဲေဘာ္ေလးေတြဟာ အဖက္ဖက္က ပင္ပန္းဆင္းရဲမႉေတြကို ႀကံ့ႀကံ့ခံၿပီး ျပည္သူေတြရဲ႕ေမွ်ာ္လင့္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ႀကိဳးစားေနခဲ့ပါတယ္။

သူတို႔ရဲ႕ျဖတ္သန္းရတဲ့ ဘဝေတြဟာ အားလုံးထင္ထားတာထက္ ပိုခက္ခဲၿပီး ၾကမ္းတမ္းလြန္းပါတယ္။

စားနပ္ရိကၡာမျပည့္စုံလို႔ မၾကာခဏဆိုသလိုအကူအညီေတာင္းၾကတဲ့ PDF လူငယ္ေလးေတြကို ျပည္သူေတြကလည္း ရသမွ်နည္းနဲ႔ ကူညီေထာက္ပံ့ေပးခဲ့ၾကပါတယ္။

ဒီေန႔မွာလည္း ေတာထဲက PDF လူငယ္တစ္ေယာက္ဟာ သူ႔အတြက္အေရးေပၚလိုအပ္တဲ့ ေတာနင္းဖိနပ္ေလးတစ္ရံနဲ႔ ပစၥည္းေဆာင္အိတ္ေလးေတြအျပင္ ေခါက္ဆြဲေျခာက္ဖာေလးေတြကို အကူအညီေတာင္းခံလာခဲ့ပါတယ္။

ရသမွ်အလႈေငြကိုလည္း ကိူယ္က်ိဳးအတြက္အသုံးမခ်ဘဲ အာဏာရွင္ကိုေတာ္လွန္ဖို႔ အက်ိဳးရွိတဲ့ေနရာေတြအတြက္ပဲ အသုံးခ်မယ့္အေၾကာင္း ကတိစကားလည္း ေျပာခဲ့ပါေသးတယ္။

ဒီလိုစြန႔္လႊတ္စြန႔္စားလူငယ္ေလးေတြကို ေထာက္ပံ့ေပးရတာ တကယ္ကိုထိုက္တန္ပါတယ္။

ဆယ္လီေတြရွိတဲ့တပ္ေတြကအဆင္ေျပေပမယ့္ အကူအညီလိုသေလာက္မရတဲ့တပ္ေတြမွာေတာ့ အေတာ္ေလးကိုခက္ခဲေနၾကတာမို႔ အခုလိုအကူညီေတာင္းလာတာပဲျဖစ္ပါတယ္။

လူငယ္ဘဝရဲ႕ ေပ်ာ္႐ႊင္စရာေတြအားလုံးကိုစြန႔္လႊတ္ၿပီး ျပည္သူ႔ေအာင္ပြဲအတြက္ပဲ အျပင္းအထန္ႀကိဳးစားေနတဲ့ PDF လူငယ္ေလးေတြကို ျပည္သူေတြကလည္း ေမတၱာထားၿပီး လႉဒါန္းေပးၾကတာ တကယ္ကိုေက်နပ္စရာပါ။

Crd-Original Post