ဒေသအလိုက်ဖွဲ့စည်းထားသည့် PDFတပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးမည်ဟု NUGအစိုးရပြော

ဒေသအလိုက်ဖွဲ့စည်းထားသည့် PDFတပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးမည်ဟု NUGအစိုးရပြော

အမျိုးသားညီညွတ်ရေးအစိုးရ– NUGအနေဖြင့် စ.စ်ကောင်စီအား တိုက်ခိုက်ရန်စီစဉ်နေပြီးဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့– PDFများကို တတ်နိုင်သမျှ လ.က်န.က်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း NUGအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။ “လ.က်န.က်တပ်ဆင်ရေးအတွက်လည်း ကြိုးစားပြီးတော့ ဖြစ်နိုင်သမျှဆောင်ရွက်နေပါတယ်။

ဒီနေရာမှာ PDFတပ်ရင်းတပ်ဖွဲ့တွေကို တပ်ဆင်သလို Local PDFလို့ပြောရမယ့် ကျွန်တော်တို့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့– ပကဖ လို့သုံးနှုန်းပါတယ်။ ပကဖတွေကိုလည်း ဖြစ်နိုင်သမျှ လ.က်န.က်တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အာရ်အက်ဖ်အေသတင်းဌာနကို ပြောဆိုသည်။

NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDFတပ်ဖွဲ့ကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင် အလယ်ပိုင်းတိုင်းဟူ၍ စစ်တိုင်း၅တိုင်းဖွဲ့စည်းကာ စ.စ်ကောင်စီကိုတ.ိုက်ခ.ိုက်ရန်လေ့ကျင့်ပြင်ဆင်ထားပြီး စ.စ်ဆင်ရေးဆင်နွှဲချိန်တွင် မဟာမိတ်ဖြစ်သော တိုင်းရင်းသားလ.က်န.က်ကိုင်အဖွဲ့များနှင် လက်တွဲကာ စ.စ်ကောင်စီကို တ.ိုက်ခ.ိုက်သွားမှာဖြစ်ကြောင်း ဦးရည်မွန်က ပြောသည်။

စ.စ်ဆင်ရေးဆင်နွှဲရာတွင်လည်း တိုင်းရင်းသားလ.က်န.က်ကိုင်တပ်ဖွဲ့များမှ

စ.စ်ရေးအတွေ့အကြုံပြည့်ဝသောသူများက ဦးဆောင်မည်ဖြစ်ပြီး ၎င်းတို့ ဦးဆောင်မှုအောက်တွင် PDFတပ်ဖွဲ့များက လိုက်ပါ၍ စ.စ်ကောင်စီကို တ.ိုက်ခ.ိုက်မှုများ ဆောင်ရွက်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “အခြေခံကနေပြောမယ်ဆိုရင်တောPDFတပ်ရင်းတပ်ဖွဲ့တွေကို စုဖွဲ့နေပြီ။ ဒီလိုစုဖွဲ့ရာမှာ ရာထူးလို့တောင် ပြောလို့မရဘဲ တာဝန်လို့ပဲပြောလို့ရမယ်။

တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ စ.စ်ဒေသမှူး ဒီလိုအသုံးအနှုန်းနဲ့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။တပ်ရင်းတပ်ဖွဲ့တွေကိုလည်း စနစ်တကျစုဖွဲ့နေပြီ။လိုအပ်တဲ့ စ.စ်ဘက်ဆိုင်ရာတာဝန်တွေကိုလည်း အပ်နှင်းနေပြီ။ တချိန်တည်းမှာပဲ စ.စ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲဦးဆောင်သွားမယ့် စ.စ်ဒေသမှူးတွေကို ခန့်အပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု NUGအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလ.က်န.က်ကိုင်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ အာဏာသ.ိမ်းစ.စ်ကောင်စီကို တပြိုင်နက်တည်း ေ.တာ်လှ.န်တ.ိုက်ခ.ိုက်မည့် D–Dayနေ့ကို ညှိနှိုင်းသတ်မှတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

Crd-Original Post