“ဇနီးဖြစ်သူက အွန်လိုင်းမှာ တွေ့တဲ့လူနဲ့လိုက်သွားလို့ ကလေးငယ်လေးနဲ့ကျန်ခဲ့တဲ့ အမျိုးသား”

သုံးဘီးမောင်းသမားတစ်ယောက်ဟာ သူ့မိန်းမကFacebookပေါ်ကလူနဲ့တွေ့ပြီးနောက် သူနဲ့ကလေးကိုထားသွားခဲ့တာကြောင့် ကလေးပါ အလုပ်ကိုခေါ်ပြီး သုံးဘီးမောင်းနေရကြောင်းကို Viral4real ကနေသတင်းရရှိပါတယ်။

ဖိလစ်ပိုင်မှာ သုံးဘီးမောင်းသမားတစ်ယောက်အနေနဲ့ အလုပ်လုပ်နေရတာတကယ်ကိုခက်ခဲပါတယ်။

နေပူထဲမှာ နာရီပေါင်းများစွာအလုပ်လုပ်ရပြီး နိုင်ငံရဲ့ယာဉ်အသွားအလာပြဿနာတွေကိုလည်း ချိန်ညှိရပါတယ်။ မိန်းမက ထားသွားပြီးနောက်ပိုင်း
ကလေးကို အလုပ်ခေါ်လာပြီး စောင့်ရှောက်ရတာ ထိုသူ့အနေနဲ့၂ဆပင်ပန်းပါတယ်။

အဆိုပါသုံးဘီးမောင်းသမားနာမည်က Rudy လို့အမည်ရပြီး Facebookအသုံးပြုသူ Jane Eguillos က အလုပ်ကြိုးစားလွန်းတဲ့ဖခင်ဖြစ်သူ Rudyကိုသတိပြုမိပြီး လူမှုကွန်ယက်ပေါ်ကနေ သူ့ဇာတ်လမ်းကို ဓာတ်ပုံတွေနှင့်တကွ ဝေမျှဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။

Rudy ကသူတို့အိမ်ထောင်သက်က၃နှစ်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။နောက်တော့သူ့မိန်းမကိုဖုန်းဝယ်ပေးပြီးနောက်ပိုင်းမှာသူမကFacebook စတင်အသုံးပြုပြီး လိုင်းပေါ်မှာ ယောင်္ကျားတစ်ယောက်နဲ့ဆုံပြီး နောက်ဆုံးမှာ ထိုယောင်္ကျားနဲ့ တွေ့ဖို့သွားတယ်လို့ ဆိုပါတယ်။

အင်တာနက်အသုံးပြုသူတွေက အဖေနဲ့သားဖြစ်သူရဲ့သနားစရာဇာတ်လမ်းကိုကြားရတဲ့အခါ စုတ်တသတ်သတ်ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့တီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Kapusp Mo, Jessica Soho” ကိုရောက်သွားပါတယ်။

အစီအစဉ်တင်ဆက်သူ ပြောပြချက်အရ Rudyက သုံးဘီးယာဉ်လေးကိုတကယ်တော့ သူမပိုင်ပါဘူး။ နေ့တိုင်း ပီဆို၁၅၀ပေးသွင်းရပါတယ်။ နောက်ပြီးတော့ အုံနာအိမ်ကိုသွားတဲ့အခါမှာလည်း နေ့တိုင်း ၂ကီလိုမီတာ (၁မိုင်ကျော်ကျော်)လောက် လမ်းလျှောက်ရတယ်လို့ ဆိုပါတယ်။

ပြီးနောက်မှာတော့ Rudyကိုစားသောက်ကုန်၊နို့နဲ့ကလေးအတွက် ကလေးdiapers တွေထောက်ပံ့ပေးခဲ့တဲ့အပြင်ကို သုံးဘီးအသစ်လေးတစ်စီးပါ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Crd-Original Post