“ သိန်း ၅၀၀၀ ကျော် အကုန်ခံပြီး ပိုက်ဆံတွေ လိုက်ဝေနေတဲ့ မိုးကုတ်သူဌေးကြီး ရဲ့ လေးစားစရာလုပ်ရပ် ”

လူတိုင်းမှာ ဇာတိချက်ကြွေမြွေရပ်မြေကို ချစ်ခင်ကြတဲ့ စိတ်ရှိကြပေမယ့် မြန်မာလူမျိုးတွေကတော့ ဆယ်လမွန်ငါးတွေလိုပဲ အချိန်တန်ရင် မွေးရပ်မြေကို ပြန်ချင်ကြပါတယ်။

ဥပမာ အခါကြီးရက်ကြီး ၊ ဝါဝင် ဝါထွက်တွေမှာ ပြန်ကြလေ့ရှိပြီးတော့ ၊ ကိုယ်ဟာ မတတ်သာလို့ မွေးရပ်မြေကို ခွဲခွာခဲ့ရရင်တောင် အခွင့်သာတဲ့တစ်နေ့ မွေးရပ်မြေကို ပြန်လည်စောင့်ရှောက်ကြသလို၊

အဆက်အသွယ်ဖြတ်သွားကြသူတွေလဲ ရှိပါတယ်။အခုတစ်ခါ တင်ဆက်ပေးမယ့် သတင်းကတော့ မွေးရပ်မြေက ရပ်ဆွေ ရပ်မျိုးတွေကို တစ်ယောက်ကို ၂၀၀၀၀ နှုန်းနဲ့ စုစုပေါင်း သိန်း ၅၀၀၀ ကျော် လှူတန်းထောက်ပံ့ပေးခဲ့တဲ့ မိုးကုတ်သူဌေးကြီး ရဲ့ သတင်းပုံလေးတွေပဲ ဖြစ်ပါတယ်။

အဆိုပါ သူဌေးကြီးက ဝါတွင်း သူ့ရဲ့ မွေးရပ်ြမေကို ပြန်တဲ့ အခါမှာ အလုပ်အကိုင်ရှားပါးကြတာ ၊ ငွေကြေး အဆင်မပြေကြတာ တွေကို မြင်ပြီး စိတ်မကောင်းဖြစ်တာကြောင့် အခုလို သူပိုင်ဆိုင်တဲ့ အထဲကမှ တတ်နိုင်သလောက် ရပ်ဆွေ ရပ်မျိုးတွေကို လှူဒါန်း ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကြည်နူးစရာ မြင်ကွင်းလေးမို့ အားလုံးပဲ မေတ္တာစိတ်နဲ့ သာဓု ခေါ်နိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)