သားကိုထမင်းအလွတ်တစ်ပွဲ ရောင်းပေးလို့ရမလားခင်ဗျ သား ပိုက်ဆံမလောက်လို့ပါတဲ့နော်

သားကိုထမင်းအလွတ်တစ်ပွဲ ရောင်းပေးလို့ရမလားခင်ဗျ သား ပိုက်ဆံမလောက်လို့ပါတဲ့နော်

ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်ကထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက်ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”ရပါတယ်သားရယ်

ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောကျ်ားရေထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်ယောကျ်ားဖြစ်သူကထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာသွားချပေးလိုက်တယ်။

ကောင်လေးကသူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျ ကောင်းလေးခမျာ ပြောသာပြောနေရတယ်၊ သူ့မျက်နှာက အတော်လေးအားနာနေတဲ့ပုံပါ၊ ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း၊

သားညနေကြရင်စားဖို့ပါဗျဦးဆိုင်ရှင်အဖိုးကြီးကသူ့ကိုဂရုနာသက်တဲ့မျက် လုံးနှင့်ကြည့်ပြီးအင်း ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေကြေးအခက်ခဲ ရှိပုံရတယ်၊ အမှန်တကယ်တော့ သူတို့လင်မယားကလည်းတစ်နေ့လုပ် တစ်နေ့စားပါ

ဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ၊ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည် ဒါကိုမိန်းမဖြစ်သူကမြင်တော့

”ရှင်ဘာလုပ်နေတာလည်းကောင်းလေးအတွက်ထမင်းထည့်ပေးနေတာလေ၊ အော်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလားဒီအတိုင်းပေးလည်းရလျှက်သားနဲ့ဘာလဲ ရှင်ကကျွန်မမြင်မှာကြောက်လို့လားကြောက်စရာ

မဟုတ်တာရှင်ကျွန်မလည်းစာနာထောက်ထားတတ်တဲ့မိန်းမသားတယောက်ပါ၊ ဟာဒီမိန်းမဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့ သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟပြီးတော့လည်း သူရှက်သွားရင်နောက်ဆိုတို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီး

လာရဲတော့မလည်းမိန်းမဖြစ်သူက လင်ယောကျ်ားကိုကြည့်ပြီးပီတိဖြစ်မိသည် အမလေးငါ့ယောကျ်ားကသနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့ဒီလိုနဲ့ပဲကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ

ထမင်းလာစားခဲ့တယ်သူတို့လင်မယားကလည်းတစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကိုထမင်းဖုံး၍ပေးလေ့ရှိခဲ့တယ်၊ ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို၁၀နှစ်ကြာမျှတောင်တစ်ခါမှရောက်မလာတော့ပါတစ်နေ့တော့

မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာကရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါလင်မယားနှစ်ယောက်သားစိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာထိုင်မိူင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးလာ၍ထိုးရပ်လာသည် လူတယောက်ကကားပေါ်မှဆင်းပြီး

သူတို့ရှိရာ လျှောက်၍လာသည်၊ ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့ ဟင်းကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ပါ အဲဒါကြောင့်ကျွန်တော်တို့ ကုမ္မဏီအနီးမှာဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါလင်မယားနှစ်ယောက်

အံ့အားသင့်သွားသည်သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်၊ ပြီးတော့လည်း သူတို့မှာရှိတာကအိုးစုတ်ခွက်စုတ်တွေမို့ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာဘယ်လိုမှမဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ်အဲဒီအတွက်မပူပါနဲ့ဗျာ

ကျွန်တော့်သူဌေးကအစစ အရာရာ ပြင်ဆင်ထားပြီးသားပါသွားပြီးချက်ပြုတ်ရုံသက်သက်ပါ အဲဒီသူဌေးကဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်းဆိုတာသူတို့နားမလည်ခဲ့နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးကတစ်ချိန်ကသူတို့ဆီက

ထမင်းတစ်ထုပ်လုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်။ ဦးနဲ့အဒေါ်သာကျွန်တော့်ကို မကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုးရောက်လာမည်မဟုတ်အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့

(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ်ယခုလို IT ခေတ်မှာမရှိသူကိုကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ်သူတစ်ပါးကို

ကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်တွေးသင့်တယ်ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူးစေတနာအောက်မှာသူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ) အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ

ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Crd-Original Post