ညောင်တုန်းမြို့နယ်ဘက်က ကျေးရွာတွေအတွက် ဆေးဝါးနဲ့လိုအပ်တာတွေ လှူဒါန်းပေးဖို့ ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ

ညောင်တုန်းမြို့နယ်ဘက်က ကျေးရွာတွေအတွက် ဆေးဝါးနဲ့လိုအပ်တာတွေ လှူဒါန်းပေးဖို့ ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာ ဆေးဝါးနဲ့ အိမ်သုံးကုန်ပစ္စည်းတွေကို လှူဒါန်းပေးဖို့ စီစဉ်နေခဲ့ပါတယ်။


ခိုင်နှင်းဝေကတော့ ရန်ကုန်တိုင်းဓေသကြီးထဲမှာရှိတဲ့ ပြည်သူတွေအတွက်လည်း လိုအပ်တာတွေကို အမြဲလိုလို လှူဒါန်းပေးနေသလို နယ်ဘက်က ပြည်သူတွေအတွက်လည်း အလျဉ်းသင့်သလို လှူဒါန်းပေးနေခဲ့ပါသေးတယ်။

လတ်တလောမှာလည်း နယ်ဘက်ကပြည်သူတွေအတွက် အောက်စီဂျင်စက်တွေလှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်း ညောင်တုန်းဘက်က ကျေးရွာတွေအတွက် လှူဒါန်းပေးဖို့ စီစဉ်နေခဲ့ပါသေးတယ်။

ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “အရေးပေါ် ဆေးဝါးနှင့် အိမ်သုံးကုန်များ လိုအပ်နေသော ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် မှ ကျေးရွာများ သို့ သွားရောက် လှူဒါန်းပေးရန် ပြင်ဆင်နေပါတယ်ရှင်”ဆိုပြီးတော့လည်း အလှူပစ္စည်းတွေကို

ပြင်ဆင်ထုတ်ပိုးနေကြောင့် မျှဝေဖော်ပြလာခဲ့ပါတယ်။

တကယ်လိုအပ်နေတဲ့ နေရာတွေကို လိုအပ်တာတွေကို လိုက်လံပြီးလှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ဓာတ်လေးကတော့ တကယ်ကို လေးစားချီးကျူးထိုက်ပါပေတယ်နော်။ ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Crd-Original Post