“အုတ်ဖိုမြို့နယ်က အသက်၁၀၀ကျော် အဖွားဒေါ်ထွေး ကိုဗစ် ကိုအနိုင်ယူနိုင်ခဲ့”

“အုတ်ဖိုမြို့နယ်က အသက်၁၀၀ကျော် အဖွားဒေါ်ထွေး ကိုဗစ် ကိုအနိုင်ယူနိုင်ခဲ့”

ကိုဗစ်ရောဂါခံစားခဲ့ရတဲ့ (မှတ်ပုံတင်အသက်၁၂၇နှစ် )အဖွားဒေါ်ထွေးက ကိုဗစ်ရောဂါသက်သာပျောက်ကင်းသွားပြီလို့သိရပါတယ် ။ အဖွားက အုတ်ဖိုမြို့နယ် အိုးသည်ကုန်း ပြည်သူ့ဆေးရုံတွင် ၁၅ ရက်ကြာ ကုသပြီး covid ကို အနိုင်ယူခဲ့တဲ့ အသက်အကြီးဆုံး အဖွားပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်အောက်ဆီဂျင် မရှူရတည်းက ဆေးရုံ ဆင်းချင်နေတဲ့ အဖွားက အသက်နဲ့မမျှ စိတ်ဓာတ်မာကျောသူတစ်ဦးဖြစ်သလို သူ့ကိုထောက်ပံ့တဲ့ ၅၀၀၀၀ ကျပ်ကိုလည်း အဖွားကပြန်လည်လှူဒါန်းခဲ့ပါသေးတယ်။

(ဖြည့်စွက်ချက်-အဖွားရဲ့အသက်က မှတ်ပုံတင်ထဲမှာခုနှစ် မှားယွင်းထည့်ခဲ့မိတာလို့လည်းသိရပြီး တကယ်တည်းမှာအဖွားက အသက်၁၀၀ ဝန်းကျင်ပါလို့လည်းသိရပါတယ်)

Source -ပြည်သူ့ဆေးရုံ၊အိုးသည်းကုန်းမြို့

Crd-Original Post

(ZAWGYI)






Crd-Original Post