သထုံတွင် ပရဟိတလုပ်ကိုင်နေသော ဒေါ်ချောစုကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

သထုံတွင် ပရဟိတလုပ်ကိုင်နေသော ဒေါ်ချောစုကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

ရန်ကုန်၊ ဩဂုတ် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပရဟိတလုပ်ကိုင်နေသော ဒေါ်ချောစုကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားကြောင်း သထုံမှ တက်ကြွလှုပ်ရှားသော လူငယ်များက ပြောဆိုသည်။

ဒေါ်ချောစုသည် Thaton Donation Team အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဒေါ်ချောစုကို မတရားဖမ်းဆီးသွားကြောင်း၊ ဒေါ်ချောစုကို PDF ထောက်ပံ့သူဟု စွပ်စွဲမှုများရှိခဲ့ကြောင်း၊ ဒေါ်ချောစုသည် ပရဟိတသမား တစ်ဦးသာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ဆိုသည်။

ဒေါ်ချောစုကို လက်ရှိတွင် စစ်ကောင်စီဘက်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

Khit Thit