“နေ့မထွက်ရအချိန် ၁၁နာရီမထိုးခင် အမောတကာရောင်းနေရှာတဲ့ ဌက်ပျောသီးသည်ကို ပြည်သူတစ်ဦးမှ ဌက်ပျောသီးလည်းဝယ်ကာ ငွေ၅ထောင်လည်းကူညီပေးခဲ့”

“နေ့မထွက်ရအချိန် ၁၁နာရီမထိုးခင် အမောတကာရောင်းနေရှာတဲ့ ဌက်ပျောသီးသည်ကို ပြည်သူတစ်ဦးမှ ဌက်ပျောသီးလည်းဝယ်ကာ ငွေ၅ထောင်လည်းကူညီပေးခဲ့”

နေ့မထွက်ရအချိန် ၁၁နာရီမထိုးခင် အမောတကာရောင်းနေတဲ့ ဌက်ပျောသီးသည် ဆီကနေ ပြည်သူတစ်ဦးက ဌက်
ပျောသီး၂ဖီးဝယ်ပြီး ငွေကျပ်၅ထောင်လည်း ကူညီပေးခဲ့ပါတယ်။

“ဗန်းကလေးကိုခေါင်းမှာရွက် ဝယ်ကြမလားလို့တကြော်ကြော်အော်ရောင်းနေတာလေးတွေ့တယ်။ဗန်းထဲမှာလည်းငှက်ပျောသီး တွေကမရောင်းရသေး၊အချိန်ကြည့်လိုက်တော့ (၁၀)နာရီထိုးတော့မယ်။(၁၁)နာရီဆိုနေ့မထွက်ရအမိန့် ။ဒါနဲ့ ငှက်ပျောသီး၂ ဖီးဝယ်ပြီး ငွေငါးထောင်ကို ထမင်းစားရင်စားရေဝယ်သောက်ရင်လည်းသောက်ဆိုပြီးလှူပေးလိုက်တယ်။

မြစ်အနောက်ဖက် သဲကောကြီးရွာကဆိုလား။အချိန်မရတော့လို့ အမောရောင်းနေရတာငါ့မောင်တဲ့။ကျွန်တော် ငါးထောင်လှူပေးတော့ ငှက်ပျောသီးဖိုးမယူတော့ဘူးတဲ့ ။မရဘူး ကျွန်တော် ကစေတနာနဲ့ပေးတာလို့ဆိုမှ ယူထားလိုက်ရှာတယ် ။တကယ်တော့ အဲ့ငါးထောင်းက ဗမာကြက်စားချင်လို့သွားဝယ်တာ။

ဒါပေမယ့် ကျွန်တော် မစားတော့ဘူး။လှူလိုက်တယ် ။ဗမာကြက်ထက်ကောင်းတဲ့ ပီတိကိုစားလိုက်တယ် “လို့ မုံရွာက ပြည်သူတစ်ဦးကလူမူကွန်ယက်မှာရေးသားမျှဝေထားတာ ပီတိဖြစ်စရာပါပဲ။

Crd-36Myanmar