NUG ရဲ့ Radio အစီအစဉ်ကို ထောက်ပံ့ရင် အရေးယူမည်ဟု ထုတ်ပြန်လာသော စစ်ကောင်စီ

NUG ရဲ့ Radio အစီအစဉ်ကို ထောက်ပံ့ရင် အရေးယူမည်ဟု ထုတ်ပြန်လာသော စစ်ကောင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စတင်ထုတ်လွှင့်နေတဲ့ Radio NUG အစီအစဉ်နဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီတာတွေလုပ်ရင် အရေးယူမယ်လို့ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ Radio NUG ရေဒီယိုလိုင်းဟာ ပြန်ကြားရေးဝန်ကြီး ဌာနက တရားဝင်ထုတ်လွှင့်ခွင့် ပြုထားတဲ့ ရေဒီယိုလိုင်း မဟုတ်ကြောင်းနဲ့

ခွင့်ပြုချက်မရဘဲ လုပ်တာ၊ ထောက်ပံ့ကူညီတာတွေ လုပ်မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြဝတီနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီရေဒီယိုလိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရNUG သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့မှာ မနက် ၈ နာရီနဲ့ ည ၈ နာရီတို့မှာ စတင် စမ်းသပ်ထုတ်လွှင့်ခဲ့တာပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ပြည်သူနဲ့ အဆက်အသွယ်မပြတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေး ကြီးသတင်းအချက်အလက်တွေကို

အချိန်နဲ့ တစ်ပြေးညီ သိနိုင်ဖို့ Radio NUG အစီအစဉ်ကို ထုတ်လွှင့်တာဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

အခုလိုထုတ်လွှင့်ခဲ့တာကို ခေတ္တရပ်နားထားပြီး မကြာမီ ရက်အနည်းငယ်မှာလည်း စမ်းသပ်ထုတ်လွှင့်မှုတွေ ဆက်လုပ်သွားမယ်လို့ NUG က အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG အစီအစဉ် ထုတ်လွှင့်မယ်လို့ ကြေညာခဲ့တဲ့နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ရေဒီယိုတွေ အရောင်းသွက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်

Crd-Original Post

(ZAWGYI)

NUG ရဲ႕ Radio အစီအစဥ္ကို ေထာက္ပံ့ရင္ အေရးယူမည္ဟု ထုတ္ျပန္လာေသာ စစ္ေကာင္စီ

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က စတင္ထုတ္လႊင့္ေနတဲ့ Radio NUG အစီအစဥ္နဲ႕ ပတ္သက္လို႔ ေထာက္ပံ့ကူညီတာေတြလုပ္ရင္ အေရးယူမယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ျပန္ၾကားေရးဝန္ႀကီးဌာနက သတိေပး ထုတ္ျပန္လိုက္ပါတယ္။

Radio NUG ေရဒီယိုလိုင္းဟာ ျပန္ၾကားေရးဝန္ႀကီး ဌာနက တရားဝင္ထုတ္လႊင့္ခြင့္ ျပဳထားတဲ့ ေရဒီယိုလိုင္း မဟုတ္ေၾကာင္းနဲ႕ ခြင့္ျပဳခ်က္မရဘဲ လုပ္တာ၊ ေထာက္ပံ့ကူညီတာေတြ လုပ္မယ္ဆိုရင္ တည္ဆဲဥပေဒေတြအရ အေရးယူမယ္လို႔ ဒီေန႕ ၾသဂုတ္လ ၂၁ ရက္ေန႕ထုတ္ ျမဝတီနဲ႕ ျမန္မာ့အလင္းသတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။

အဲဒီေရဒီယိုလိုင္းကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG သတင္းအခ်က္အလက္နဲ႕ နည္းပညာဝန္ႀကီးဌာနက ၾသဂုတ္လ ၂၀ ရက္ေန႕မွာ မနက္ ၈ နာရီနဲ႕ ည ၈ နာရီတို႔မွာ စတင္ စမ္းသပ္ထုတ္လႊင့္ခဲ့တာပါ။ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ျပည္သူနဲ႕ အဆက္အသြယ္မျပတ္ဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ အေရး ႀကီးသတင္းအခ်က္အလက္ေတြကို

အခ်ိန္နဲ႕ တစ္ေျပးညီ သိနိုင္ဖို႔ Radio NUG အစီအစဥ္ကို ထုတ္လႊင့္တာျဖစ္တယ္လို႔ NUG အစိုးရက ထုတ္ျပန္ပါတယ္။ အခုလိုထုတ္လႊင့္ခဲ့တာကို ေခတၱရပ္နားထားၿပီး မၾကာမီ ရက္အနည္းငယ္မွာလည္း စမ္းသပ္ထုတ္လႊင့္မႈေတြ ဆက္လုပ္သြားမယ္လို႔ NUG က အသိေပးထားပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရက Radio NUG အစီအစဥ္ ထုတ္လႊင့္မယ္လို႔ ေၾကညာခဲ့တဲ့ေနာက္ပိုင္းမွာ ရန္ကုန္ၿမိဳ႕မွာ ေရဒီယိုေတြ အေရာင္းသြက္လာတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္

Crd-Original Post