ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လုံခြုံတဲ့နေရာမှာရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးလာတဲ့ ကျောင် းသားခေါင်းဆောင် ကိုမင်းဟန်ထက်

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးစဉ်ကြီးဟာ ၇လကျော်ခန့်ကြ ာမြင့်နေပြီဖြစ်ပြီးတော့ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်‌ တွေဟာ အရာရာပေးဆပ်စွန့်လွှတ်ပြီး အရေးတော်ပုံကြီးအေ ာင်မြင်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကြီးမှာ အဓိကအခန်းကဏ္ဍကနေ ပါ၀င်နေကြတဲ့သူတွေကတော့ Gen Zလို့ခေါ်ကြတဲ့ ကျောင်းသားလူ ငယ်လေးတွေပဲဖြစ်ပါတယ်…..။

ကျောင်းသားလူငယ်လေးတွေဟာ နွေဦးတော်လှန်ရေးကြီးမှာ စွမ်းစွမ်းတမံပါ၀င်နေကြပြီး တက္ကသိုလ်တိုင်းရဲ့ ကျောင်းသားသမဂ္ဂတွေကလည်း တတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထုကို လှုံ့ဆော်ကာပါ၀င်နေကြတာဖြစ်ပါတယ်။

အခုလို သတ္တိအပြည့်နဲ့ပါ၀င်နေကြတဲ့ကျောင်းသားလူငယ်လေးတွေထဲမှာဆိုရင် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်တဲ့ ကိုမင်းဟန်ထက်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

အခုလိုတော်လှန်ရေးကြီးမှာ အစွမ်းကုန်ပါ၀င်နေတဲ့အတွက် ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ကိုမင်းဟန်ထက်ရဲ့နေအိမ်နဲ့မိသာ းစုပိုင်စီးပွားရေးလုပ်ငန်းတွေ ချိတ်ပိတ်ခံခဲ့ရတာပါ။

တော်လှန်ရေးကြီးမှာ အရာရာစွန့်လွှတ်ပြီးပါ၀င်နေတဲ့ ကိုမင်းဟန်ထက်တစ်ယောက် မကြာခင်ရက်ပိုင်းအတွင်းက ဖမ်းဆီးခံရတယ်လို့သတင်းတွေ ထွက်ရှိခဲ့ပါတယ်။

ပြည်သူအတော်များများလည်း စိုးရိမ်သွားခဲ့ကြတာကြောင့် ကိုမင်းဟန်ထက်ဟာ မကြာခင်အချိန်တွင်းက သူ့ရဲ့Faceboo kစာမျက်နှာကနေ ‌လုံခြုံတဲ့နေရာရောက်ရှိနေပြီဖြစ်ကြောင်း အ သိပေးလာခဲ့ပါတယ်။

လက်ရှိမှာကိုမင်းဟန်ထက်ဟာ အင်တာနက်အသုံးပြုလို့မရတဲ့ဒေသကိုရောက်ရှိနေတာကြောင့် အသိမိတ်ဆွေတစ်ဦးက ကိုမင်းဟန်ထက်ရဲ့ accကို၀င်ကာ အသိပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

Crd-Original Post