ကိုဗစ်ရောဂါကို ရေမန်းနဲ့ ကုမယ်ဆိုတဲ့ သီရိလင်္ကာကျန်းမာရေးဝန်ကြီးကို တခြားသူနဲ့ ပြောင်းလဲခန့်အပ်

ကိုဗစ်ရောဂါကို ရေမန်းနဲ့ ကုမယ်ဆိုတဲ့ သီရိလင်္ကာကျန်းမာရေးဝန်ကြီးကို တခြားသူနဲ့ ပြောင်းလဲခန့်အပ်

ကိုဗစ် ကပ်ရောဂါ ပိုမို ဆိုးရွားလာမှု၊ ကူးစက်နှုန်းနဲ့ သေနှုန်းတို့ စံချိန်တင် မြင့်တက်လာမှုတို့ကြောင့် သီရိလင်္ကာ သမ္မတက အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ပြီး ကျန်းမာရေး ဝန်ကြီး Pavithra Wanniarachchi ကို အစားထိုး လဲလှယ် လိုက်ပါတယ်။

သူ့လက်ထက်မှာ ကျန်းမာရေး ဝန်ကြီးဌာနဟာ ကိုဗစ် ကပ်ရောဂါ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝေဖန်ခံခဲ့ရပါတယ်။

သူကိုယ်တိုင်ကလဲ ကိုဗစ် ကာကွယ်ဖို့ တိုင်းရင်းဆေးတွေကို သုံးစွဲတာ၊ ထောက်ခံတာ စတဲ့ အငြင်းပွားဖွယ် ကိစ္စတွေ လုပ်ခဲ့ပါတယ်။အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ရခြင်းရဲ့ အကြောင်းရင်းကတော့ ချက်ချင်းလက်ငင်း မသိရသေးပါဘူး။ CNBC သတင်းဌာနရဲ့ မှတ်ချက်တောင်းခံမှုကို

သမ္မတရုံးကရော၊ ကျန်းမာရေးဝန်ကြီးဌာနကပါ မတုံ့ပြန်သေးပါဘူး။ပရဆေးရည်နဲ့ ရေမန်းသူဟာ နတ်ဆရာ တပါး ဖော်စပ်ထားတဲ့ ပျားရည်နဲ့ ဇာတိပ္ဖိုလ်သီးတို့ ပါဝင်တဲ့ ပရဆေးရည်ကို ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ဆေးရည်ဟာ ဗိုင်းရပ်ရန်ကို တသက်တာ

ကာကွယ်နိုင်တယ်လို့ နတ်ဆရာက အခိုင်အမာ ဆိုထားပါတယ်။ သူ့ကို အိပ်မက်ထဲမှာ အဲဒီဆေးနည်း လာပေးတာလို့ ဆိုပါတယ်။

ဆေးရည်ရဲ့ ထိရောက်မှုကို ဆရာဝန်တွေက ပယ်ချခဲ့ပေမဲ့ ထောင်ချီတဲ့ လူတွေဟာ ကိုဗစ် စည်းကမ်းတွေကို ဖောက်ဖျက်ပြီး သီရိလင်္ကာ အလယ်ပိုင်းက ရွာတရွာကို ဆေးရည်ယူဖို့ ချီတက်ခဲ့ကြပါတယ်။ နိုင်ငံရေးသမား တချို့လဲ ဆေးရည်ကို ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကိုဗစ် ဖြစ်လို့ အရေးပေါ်ဌာနမှာ ကုသခဲ့ရပါသေးတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလဲ သူ့ကိုယ်သူ ဘုရားလို့ ကြွေးကြော်ထားတဲ့ ပုဂ္ဂိုလ်တဦးက ပြောတဲ့အတိုင်း သီရိလင်္ကာမှာ ကပ်ရောဂါ အဆုံးသတ်စေဖို့ဆိုပြီး မြစ်တမြစ်ထဲကို

ရေမန်းတအိုး သွန်းလောင်းခဲ့ပါသေးတယ်။

အခုတော့ သူ့ကို ပို့ဆောင်ရေး ဝန်ကြီးဌာနကို ပြောင်းလဲ ခန့်အပ်လိုက်ပြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး Keheliya Rambukwella ကို ကျန်းမာရေး ဝန်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

Crd-Original Post