မြစ်ကိုဖြတ်ရန် တံတားမရှိတာကြောင့် ကြိုးလမ်းပေါ်တွင် လျှောက်ပြီးကူးနေရသော ရွာငယ်လေး

ယနေ့ခေတ်တွင် အစစအရာရာ ခေတ်မီတိုးတက်နေသော်လည်း အချို့သော နေရာဒေသများမှာတော့ ကောင်းစွာမဖွံ့ဖြိုးသေးပေ။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမင်ဒိုရိုမြို့ရှိ barangaysရွာငယ်လေးသည် မြို့ထဲသို့ သွားလာရေးသည့်အခါ မြစ်ငယ်လေးခြားထားသည့်အတွက် ဖြတ်ကူးရန် အခက်အခဲများစွာ ကြုံနေရသည်။

ဒေသခံလူများသည် လမ်းလျှောက်သွားလို့ရမည့် တံတားလေးတစ်ခုပင် မတည်ဆောက်နိုင်သဖြင့် တစ်ဖက်စီကို ကြိုးတန်းကာ ရင်တထိတ်ထိတ်နှင့် ဖြတ်ကူးကြရသည်။

ထိုသို့ဖြတ်ကူးရာတွင် မတော်တဆ ပြုတ်ကျသွားတာမျိုး လက်ညှပ်မိတာမျိုးတွေလည်း ဖြစ်တတ်၍ အလွန် အန္တရာယ်များလှပြီး

အမျိုးသမီးတစ်ဦးသည် ကလေးငယ်လေးနှင့်အတူ လမ်းဖြတ်ကူးနေသော ပုံရိပ်လေးသည် လူတိုင်းဧ။်ရင်ထဲကို ထိစေခဲ့သည်။

ထို့ကြောင့် ထိုဒေသရှိ နေထိုင်သူများအတွက် အဆင်ပြေစေမည့် တံတားလေးတစ်ခုကို တည်ဆောက်ပေးရန်အတွက် အကူအညီလိုအပ်နေကြောင်း လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Crd-Original Post