စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ဦးရွှေအိုးရဲ့သတင်းကို ကြားကြားချင်း အလှူငွေများလှူဒါန်းခဲ့တဲ့ ဘေဘီမောင်

စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ဦးရွှေအိုးရဲ့သတင်းကို ကြားကြားချင်း အလှူငွေများလှူဒါန်းခဲ့တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေ ကြိုက်ကျွေးပြီ ပျော်ရွှင်မှုတွေ ဖန်တီးပေးခဲ့တဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဝါရင့် ဟာသလူရွှင်တော်ကြီး ဦးရွှေအိုး ကိုတော့ ပရိသတ်တွေ မှတ်မိနေဦးမယ်ထင်ပါတယ်။ပရိသတ်အချစ်တော် ဦးရွှေအိုးကတော့ လတ်တလောကာလမှာ စားဝတ်နေရေးအခက်အခဲတွေကိုကြုံတွေ့နေခဲ့ရပါတယ်။

အနုပညာ အလုပ်တွေကို ဘဝတစ်လျှောက်လုံးလုပ်ကိုင်ခဲ့တဲ့ ဦးရွှေအိုးက လတ်တလော အနုပညာအလုပ်တွေ ရပ်နားထားရ ချိန်မှာတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။ အခုလို စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ ဦးရွှေအိုးအတွက် ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်ကတော့

သူတတ်နိုင်သလောက် ကူညီတဲ့အနေနဲ့ (၁)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။

ဘေဘီကတော့ အရင်ကတည်း ကလည်း ချို့တဲ့တဲ့ သက်ကြီးရွယ်အိုတွေတွေ့ရင် အမြဲတမ်းလိုလို သူတတ်နိုင်သလောက် လိုက်လံကူညီပေးနေခဲ့တာဖြစ်ပြီး အခုတစ်ခေါက် မှာလည်း ဦးရွှေအိုးရဲ့ သတင်းလေးကိုကြားတဲ့ အခါမှာလည်း ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဘေဘီမောင်ရဲ့ စိတ်ထားလေး ကတော့ တကယ်ကို မွန်မြတ်လွန်းလှပါတယ်နော်။

Source – Baby Maung
Credit:Cele Zone

(ZAWGYI)





Source – Baby Maung
Credit:Cele Zone