မိဘတွေနဲ့အတူ တောထဲမှာမှိုတွေသွားချိုးပြီး အရွယ်လေးနဲ့မလိုက်အောင် အားကိုးနေရတဲ့ မင်းမော်ကွန်း သားငယ်လေးရဲ့ဗီဒီယိုလေး

မိဘတွေနဲ့အတူ တောထဲမှာမှိုတွေသွားချိုးပြီး အရွယ်လေးနဲ့မလိုက်အောင် အားကိုးနေရတဲ့ မင်းမော်ကွန်း သားငယ်လေးရဲ့ဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ….လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။

မင်းမော်ကွန်းဟာ နာမည်ကျော်ဝါရင့်မင်းသားတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အောင်မြင်မှုတွေကို ဘေးချိတ်ပြီး အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ရပ်တည်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူနဲ့ သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်းလေးတို့ဟာ လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီဖြစ်ပြီး မိသားစုတတွေအမှန်တရားအတွက်

ရပ်တည်နေကြတာဖြစ်ပါတယ်။ တောတောင်ထဲမှာလည်း သားအမိနှစ်ယောက် မှိုချိုးကြရင်း ရလာတဲ့မှိုတွေကို ရွာတွေထဲလိုက်ရောင်းကာ ကိုယ့်အားကိုယ်ကိုးရင်း ရပ်တည်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင်လည်း မင်းမော်ကွန်းရဲ့ဇနီးဖြစ်သူဟာ တောထဲမှာ မှိုချိုးသွားနေတဲ့ သားဘုန်းလေးရဲ့ ဗီဒီယိုလေးကို သူမရဲ့ Facebookစာမျက်နှာလေးမှာ တင်ပေးလာခဲ့ပါတယ်။ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အနေနဲ့ အခုလိုအခက်အခဲတွေကြားမှာပါ လိုက်ပြီးနေပေးကြတဲ့ မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူကတော့ အင်မတန်လေးစားစရာကောင်းပါတယ်။

ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

https://m.facebook.com/story.php?story_fbid=427970821881527&id=1220080236

(ZAWGYI)







Credit ; MMLoad