ယင်းမာပင်ရဲစခန်းမှ ရဲ(၁)ဦး သက်သေခံပစ္စည်း ရွှေချောင်းတွေနဲ့အတူ လက်နက်တွေပါ ယူဆောင်ကာထွက်ပြေးကြောင်း သိရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ဦးဟာ ရဲစခန်းပိုင် ေ.သန တ် ၁ လက်နဲ့အတူ သက်ေ.သခံပစ္စည်းတွေကို ယူဆောင်ပြီး ဒီကနေ့ နေ့လယ် ၁၂ နာရီ နောက်ပိုင်းက ထွက်ပြေးပျောက်ဆုံးနေတယ်လို့ ရဲဌာနအသိုင်းအဝိုင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။”
ပျောက်နေတဲ့ရဲက ရဲတပ်ကြပ်ကြီး ရာထူးအဆင့်ရှိတဲ့သူဖြစ်တယ် သူနဲ့အတူ ေ.သန တ် ၁ လက်နဲ့၊ အမှုနဲ့ ဖမ်းဆီးသိမ်းထားတဲ့သက်ေ.သခံပစ္စည်း ရွှေနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတာ “ လို့ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ရုံး တာဝန်ကျ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၀
မနက်ပိုင်းက မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာယာဉ်သွားယာဉ်လာတွေကို တားဆီး စစ်ဆေးချိန် လူ၂ဦးဆီကနေ သိမ်းဆည်းထားတဲ့ ၁၀ ကျပ်သား အလေးချိန်ရှိတဲ့ ရွှေချောင်း ၁၂၅ ချောင်း၊ ရွှေပိဿာချိန် စုစုပေါင်း ၁၂ ပိဿာ ၅၀ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၄၉၀ ကျပ်ကိုယူဆောင်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို့ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ပစ္စည်းတွေရဲ့ကိစ္စကိုရဲစခန်းလုပ်ငန်း မှတ်ပုံတင်- ၃၂ ရေးသွင်းပြီး ဂါတ်စာရေး (တပ်ကြပ်ကြီး စာရေး)က သက်သေခံပစ္စည်းစတိုမှာ ထည့်သွင်းထိန်းသိမ်းထားရပြီး မပျောက်မပျက်အောင် တာဝန်ခံ ဆောင်ရွက်ရတာလည်း ဖြစ်ပါတယ်။အဲ့ဒီ သက်သေခံ ရွှေချောင်းတွေနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတာဖြစ်တယ်လို့
သတင်းတွေ ထွက်ပေါ်နေပေမယ့်VOM က သီးခြား သတင်းအတည်ပြုချက်ရရှိဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ” ရဲစခန်းမှာက လုံခြုံရေးဆိုင်ရာ တပ်တွင်းတပ်ပြင် ကိစ္စတွေများတယ်၊
ကိုဗစ်ကာ ကွယ်ဆေးထိုး လုပ်ငန်းတွေမှာ လုံခြုံရေး လုပ်နေတဲ့အချိန်ဆိုတော့ စခန်းပိုင်းဆိုင်ရာ အလုပ်တွေက အုပ် ချုပ်နဲ့ ဂါတ်စာရေးကပဲ လုပ်ရတယ်၊
လ.က်န က်ဆိုင်ရာ ကိစ္စက အုပ်ချုပ်က တာဝန်ယူတယ် ၊ သက်သေခံ ပစ္စည်းနဲ့ အမှုကိစ္စက ဂါတ်စာရေးက တာဝန်ခံတယ် “လို့ ယင်းမာပင် နယ်ခံ အငြိမ်းစားရဲဝန်ထမ်းတစ်ယောက်က ရဲစခန်းရဲ့ လုပ်ငန်းသဘာဝကို အခုလို ရှင်းပြ ပြောခဲ့ပါသေးတယ်။
Crd-Original Post
(ZAWGYI)
Crd-Original Post