အိပ်ယာထဖို့ ပျင်းရိလွန်းလို့ ထောင်ဒဏ်ချမှတ်ခံရတဲ့ လူငယ်လေး

အချိန်မီ အိပ်ယာထဖို့ ပျင်းရိလွန်းတဲ့ Sean Smullen လို့ အမည်ရတဲ့ အသက် 19နှစ်အရွယ်လူငယ်လေးဟာထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အကြောင်းကတော့ သူ့ကို တရားရုံးက ပြစ်မှု သုံးခုကြောင့် လူမှုရေးလုပ်ငန်းများ လုပ်ခမဲ့ လုပ်ဆောင်ဖို့ ဒဏ်တပ်ထားခဲ့တာကို Sean က ပျက်ကွက်ခဲ့လို့ ဖြစ်ပါတယ်။

Sean ကတော့ သူဟာ အချက်ပေးနှိုးစက် ချထားပေမယ့် အလုပ်ခွင်ဝင်ဖို့ မနက် 8 : 45 အမီ နိုးထနိုင်ခြင်း မရှိခဲ့ဘူးလို့ အကြောင်းပြခဲ့ပါတယ်။

Sean ဟာ ယခုနှစ် အစောပိုင်းကတည်းက ခြိမ်းခြောက်မှုသုံးခုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ တ
ရားရုံးက သက်ညှာစွာနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ စေခိုင်းခဲ့တာပါ။

အကယ်၍ Perth Sheriff Court တရားရုံးက ချမှတ်ထားတဲ့ လူမှုရေးလုပ်ရန် ပြစ်ဒဏ်ကိုသာ ၎င်းအနေနဲ့ လိုက်နာဆောင်ရွက်ခဲ့မယ်ဆိုရင် အခြား ပြစ်မှုနှစ်ခုကို ပလပ်ပေးဖို့ တရားရုံးက သဘောတူခဲ့ပါတယ်။

သို့သော် Sean ဟာ ချမှတ်ထားတဲ့လူမှုရေးလုပ်ငန်းတွေကိုစောင်ရွက်ဖို့ တမင်တကာ ပျက်ကွက်တဲ့အနေနဲ့ အချိန်မီ အိပ်ယာကနေ ထခြင်း မရှိခဲ့ပါဘူး။

Seanဟာစကော့တလန်Perthမြို့လယ်ခေါင်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့သြဂုတ်လအတွင်းကခြိမ်းခြောက်ခြင်းနဲ့အများပြည်သူကိုရိုင်းစိုင်းစွာတုန့်ပြန်ခြင်း စတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

ဒီပြစ်မှုတွေအတွက် တရားရုံးက သူ့ကို သက်ညှာစွာ ဆုံးဖြတ်ခဲ့ပေမယ့် သူက တရားရုံးက ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို လေးစားမှုမရှိခဲ့ပါဘူး။

Seanဟာလုပ်ငန်းလုပ်ဆောင်ရန်ပျက်ကွက်ကြောင်းခြောက်လတိုင်တိုင်သတိပေးခဲ့ပေမယ့် သူက ဂရုမစိုက်ခဲ့ပါ။ ဒါကြောင့် တရားရုံးဟာ နောက်ဆုံးအကြိမ်သတိပေးပြီး သူ့ကို ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ပါတယ်။

Crd-Original Post

(ZAWGYI)

အိပ္ယာထဖို႔ ပ်င္းရိလြန္းလို႔ ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ လူငယ္ေလး

အခ်ိန္မီ အိပ္ယာထဖို႔ ပ်င္းရိလြန္းတဲ့ Sean Smullen လို႔ အမည္ရတဲ့ အသက္ 19ႏွစ္အ႐ြယ္လူငယ္ေလးဟာေထာင္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

အေၾကာင္းကေတာ့ သူ႔ကို တရား႐ုံးက ျပစ္မႈ သုံးခုေၾကာင့္ လူမႈေရးလုပ္ငန္းမ်ား လုပ္ခမဲ့ လုပ္ေဆာင္ဖို႔ ဒဏ္တပ္ထားခဲ့တာကို Sean က ပ်က္ကြက္ခဲ့လို႔ ျဖစ္ပါတယ္။

Sean ကေတာ့ သူဟာ အခ်က္ေပးႏႈိးစက္ ခ်ထားေပမယ့္ အလုပ္ခြင္ဝင္ဖို႔ မနက္ 8 : 45 အမီ ႏိုးထႏိုင္ျခင္း မရွိခဲ့ဘူးလို႔ အေၾကာင္းျပခဲ့ပါတယ္။

Sean ဟာ ယခုႏွစ္ အေစာပိုင္းကတည္းက ၿခိမ္းေျခာက္မႈသုံးခုမွာ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့လို႔ တ
ရား႐ုံးက သက္ညႇာစြာနဲ႔ လူမႈေရးလုပ္ငန္းေတြ လုပ္ဖို႔ ေစခိုင္းခဲ့တာပါ။

အကယ္၍ Perth Sheriff Court တရား႐ုံးက ခ်မွတ္ထားတဲ့ လူမႈေရးလုပ္ရန္ ျပစ္ဒဏ္ကိုသာ ၎အေနနဲ႔ လိုက္နာေဆာင္႐ြက္ခဲ့မယ္ဆိုရင္ အျခား ျပစ္မႈႏွစ္ခုကို ပလပ္ေပးဖို႔ တရား႐ုံးက သေဘာတူခဲ့ပါတယ္။

သို႔ေသာ္ Sean ဟာ ခ်မွတ္ထားတဲ့လူမႈေရးလုပ္ငန္းေတြကိုေစာင္႐ြက္ဖို႔ တမင္တကာ ပ်က္ကြက္တဲ့အေနနဲ႔ အခ်ိန္မီ အိပ္ယာကေန ထျခင္း မရွိခဲ့ပါဘူး။

Seanဟာစေကာ့တလန္Perthၿမိဳ႕လယ္ေခါင္မွာၿပီးခဲ့တဲ့ေဖေဖာ္ဝါရီနဲ႔ၾသဂုတ္လအတြင္းကၿခိမ္းေျခာက္ျခင္းနဲ႔အမ်ားျပည္သူကို႐ိုင္းစိုင္းစြာတုန႔္ျပန္ျခင္း စတဲ့ ျပစ္မႈေတြကို က်ဴးလြန္ခဲ့ပါတယ္။

ဒီျပစ္မႈေတြအတြက္ တရား႐ုံးက သူ႔ကို သက္ညႇာစြာ ဆုံးျဖတ္ခဲ့ေပမယ့္ သူက တရား႐ုံးက ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ကို ေလးစားမႈမရွိခဲ့ပါဘူး။

Seanဟာလုပ္ငန္းလုပ္ေဆာင္ရန္ပ်က္ကြက္ေၾကာင္းေျခာက္လတိုင္တိုင္သတိေပးခဲ့ေပမယ့္ သူက ဂ႐ုမစိုက္ခဲ့ပါ။ ဒါေၾကာင့္ တရား႐ုံးဟာ ေနာက္ဆုံးအႀကိမ္သတိေပးၿပီး သူ႔ကို ေထာင္ဒဏ္ေျခာက္လ ခ်မွတ္ခဲ့ပါတယ္။

Crd-Original Post