အနီဖြစ်ဖြစ် အစိမ်းဖြစ်ဖြစ် ပြည်သူဆိုရင် ဆုံးအောင် ဖတ် ပေး ပါ

အနီဖြစ်ဖြစ် အစိမ်းဖြစ်ဖြစ် ပြည်သူဆိုရင် ဆုံးအောင် ဖတ် ပေး ပါ

ကိုယ်ချင်းမစာပြောတာမဟုတ်ဘူး။ ကျနော်လည်း ဝင်ငွေတပြားမှ မရှိတာ ၆လရှိပြီ။ ဒီလိုပဲ ဖြည်းဖြည်းချင်း စုရတာပဲ။အေး.. ကိုဗစ်က အရက်ပျံဂျယ်နဲ့ လက်ဆေးလို့ရတယ်၊

ကျည်ဆံမှန်ရင် ပရုပ်ဆီ လိမ်းလို့ရတာ မဟုတ်ဘူး။ စစ်ပွဲဆိုတာ ကိုဗစ်လို mask တပ်ပြီး ကာကွယ်လို့ မရဘူး။ D day စလို့ မြို့ပြတိုက်ပွဲတွေ

ဖြစ်ပြီ ဆိုရင် စစ်တပ်ကဖြတ်၄ဖြတ်ဆိုတာမျိုးတွေ လာမှာမီးဖြတ်မယ် ဆိုရင်..ခင်ဗျားမှာ ဖယောင်းတိုင်ရှိပြီလား?မီးသွေးမီးဖိုရှိပြီလား? မီးသွေးရှိပြီလား?

မီးခြစ် တေယာက်တလုံးရှိလား?ဓာတ်မီးရှိလား???(ရေဒီယိုရှိလား?)။အင်တာနက်ဖြတ်၊ ဖုန်းလိုင်းဖြတ်လာရင် ဘယ်လိုရင်ဆိုင်ရမလဲ ကြိုစဉ်းစားထားတာရှိလား? လမ်းပန်းဆက်သွယ်ရေးပါ ဖြတ်မှာ သဒ်ဝေ့ဗ်လို အလှူရှင်လည်း မလာနိုင်ဘူး။

၃မျိုး ၁၀၀ လည်း မလာနိုင်ဘူး။အလှူရှင်တွေလည်း သူတို့မိသားစု သူတို့ပြန်ကာကွယ်နေရမှာပဲ။ ပြီးတော့ ရေဖြတ်လိုက်ပြီဆိုပါတော့ (နယ်တွေက ရေတွင်းရေကန်ရှိသေးတယ်)။

မြို့ကြီးတွေ သောက်ရေ သုံးရေအတွက် ကြိုစဉ်းစားထားကြတာ ရှိပြီလား။ထိခိုက်ဒါဏ်ရာရရင်၊ နေမကောင်းဖြစ်ရင် သောက်ဖို့ လိမ်းဖို့ ဆေးတွေ စုဆောင်းထားပြီးပြီလား??

(သဒ်ဝေဗ့်တုန်းကလည်း လက်ထဲငွေနည်းလို့ ကြိုမဝယ်ထားကြ၊ တကယ်လည်း ဖြစ်ရော ၇၀၀ တန်ကို ၇၀၀၀ ပေးဝယ်ကြရတာ၊ ပိုတောင်ကုန်သေး)။

အကယ်၍ အရေးပေါ် အခြေအနေ ပြေးရမယ့်အနေအထား ရောက်ခဲ့သည်ရှိသော် အလွယ်တကူ မပြီးပြေးဖို့ အရေးပေါ်အိပ် ထည့်ထားပြီးပြီလား??ခေါက်ဆွဲခြောက်ကို အများကြီး မဝယ်နဲ့။

တကယ်ငတ်ရင် ဆန်တို့ ပဲတို့ကမှ ရေရှည်ခံတာ လောလောဆည်တောင် ကရင်ဖက်၊ ကယားဖက်က၊ ချင်းဖက်က၊ စစ်ကိုင်းဖက်က ပြေးရတဲ့ ပြည်သူတွေ တခါတရံ တောထဲက အရွက်တွေ ပြုတ်စားကြရတာပဲ။

ဒါတောင် ဖြတ်၄ဖြ တ်မဟုတ်သေးဘူး။ (ကိုယ့်ရပ်ကိုယ်ရွာမှာ ဖြစ်ချင်မှလည်း ဖြစ်မှာပါ ဆိုပေမယ့် ကိုယ်အိမ်တည့်တည့်မှာ ဖြစ်ချင်လည်း ဖြစ်မှာပဲ။ ဘာမှ တရားသေပြောမရပါဘူး)။

တကယ်ဖြစ်လာပြီ ဆိုရင်လည်း ကိုဗစ်တုန်းကလို Mask လေးမေးချိတ်ပြီး ဈေးသွားချင်လို့ မရဘူးလေ။ ပြင်ကြ၊ စုကြ၊ ဖဲ့ဖဲ့ပြီး ဝယ်ထားကြပါ။ ပြည်သူရှုံးရင် တော်လှန်ရေးရှုံးတာပဲ။

ရုပ်ရှင်တွေထဲကလို ကိုယ့်ကို လာကယ်နေရတာနဲ့ တကယ့် သူရဲကောင်း ၅ယောက် သေသွားတယ်ဆိုတဲ့ အကွက်မျိုး မဖြစ်ပါစေနဲ့။ မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်ခြင်းဟာလည်း တော်လှန်ရေးအတွက်အ ထောက်အကူ ဖြစ်ပါတယ်။

Crd-Original Post