တပ်သားသစ်တစ်ဦးလျှင် (၂၅) သိန်းထိပေါက်ကြေးပေး၍ ဝယ်ယူစုဆောင်းနေသော်လည်း တပ်သားသစ်များ ရှာဖွေစုဆောင်းရခက်နေတဲ့ မအလ

အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားသစ်တစ်ဦးလျှင် ၂၅ သိန်းဝန်းကျင်ပေး၍ ဝယ်ယူစုဆောင်းနေသော် လည်း တပ်သားသစ် ရှာဖွေရခက်နေပါတယ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်သို့ဝင်ရောက် မည့်သူ ရှားပါးနေသဖြင့်

(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

တပ်သားသစ်တစ်ဦးလျှင် ကျပ် ၂၅ သိန်းထိ ပေး၍ လိုက်လံစည်းရုံးနေရကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။ယခင် စစ်အာဏာမသိမ်းမီ ကာလကပင် စစ်တပ်သို့ ဝင်ရောက်မည့်သူများအနေဖြင့် ပညာအရည်အချင်းအလိုက် ၅သိန်းမှ ၁၅သိန်းထိပေး၍ စည်းရုံးနေရရာမှ

ယခုပိုမို၍ ဝင်ရောက်မည့်သူရှားပါးလာခြင်းဖြစ်ကြောင်း သိရသည်။ ”အရင်က ရေတပ်တို့၊ လေတပ်တို့ ၈တန်းအောင်၊ ၁၀တန်းအောင်ဆိုရင် ၁၀သိန်းကျော်ပေးတယ်။ စုဆောင်းရေးမှာ အပ်လို့ပြေစာထွက်ပြီဆိုရင် သူ့ မိသားစုကို ပေးလိုက်တာပေါ့။ဈေးကတော့ အမျိုးမျိုးပဲ။

ခြေလျင်၊ ခြေမြန်ဆို သက်သက်တစ်မျိုးရှိတယ်။ ခုက ဘယ်တပ်ထဲသွင်းသွင်း ပညာ အရည်အချင်းနည်းလည်း ၂၅သိန်းလောက် ပေးတာတောင် ရှာရဖွေရခက်နေတယ်။

တပ်သားသစ်ကရွှေထက်ရှားတယ်။ ရွှေကပိုက်ဆံရှိရင်ဝယ်လို့ရသေးတယ် ” ဟုအမည်မဖော်လိုသည့် နယ်မြေအနှံ့ တပ်သားသစ်စုဆောင်းနေသူတစ်ဦးက M P A သို့ ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏လုပ်ရပ်များကြောင့်လည်း ယခုကဲ့သို့ ဝင်မည့်သူရှားပါးလာ၍

ရှာရဖွေရခက်ခဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။စစ်တပ်အနေဖြင့် တပ်သားသစ်ရရှိရေး ရုန်းကန် နေရပြီး ခြေလျင်တိုက်ခိုက်ရေးတပ်များတွင်ပါမက ရေတပ်၊ လေတပ်၊ လက်ရုံးဝန်ထမ်းစစ်တပ်များပါ ဝင်ရောက်မည့်သူမရှိသလောက် ဖြစ်နေကြောင်းသိရသည်။

ထို့ပြင် စစ်အာဏာမသိမ်းမီကာလ တပ်သားသစ်စုဆောင်းရေးနှင့်ပတ်သက်သည့် ကန့်သတ်ချက်များတွင် အသက် ၁၈နှစ် မပြည့်သည်နှင့် ကိုယ် လက်အဂ်ါမစုံသည်မှလွဲ၍ ကျန်သည့် ပညာအရည်အချင်း ၄ တန်းအောင်အထိ ကန့်သတ်ချက်များပြန်လည် လျှော့ချခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သည်များ၏ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သာမန်နှုတ်ဖြေခွင့် တင်ပြထားမှုများကိုပင် ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။

Crd-Original Post

(ZAWGYI)

တပ္သားသစ္တစ္ဦးလွ်င္ (၂၅) သိန္းထိေပါက္ေၾကးေပး၍ ဝယ္ယူစုေဆာင္းေနေသာ္လည္း တပ္သားသစ္မ်ား ရွာေဖြစုေဆာင္းရခက္ေနတဲ့ မအလ

အၾကမ္းဖက္စစ္ေကာင္စီတပ္မွ တပ္သားသစ္တစ္ဦးလွ်င္ ၂၅ သိန္းဝန္းက်င္ေပး၍ ဝယ္ယူစုေဆာင္းေနေသာ္ လည္း တပ္သားသစ္ ရွာေဖြရခက္ေနပါတယ္ စစ္အာဏာသိမ္းၿပီးေနာက္ စစ္တပ္သို႔ဝင္ေရာက္ မည့္သူ ရွားပါးေနသျဖင့္

တပ္သားသစ္တစ္ဦးလွ်င္ က်ပ္ ၂၅ သိန္းထိ ေပး၍ လိုက္လံစည္း႐ုံးေနရေၾကာင္း စစ္တပ္အသိုင္းအဝိုင္းထံမွ သိရသည္။ယခင္ စစ္အာဏာမသိမ္းမီ ကာလကပင္ စစ္တပ္သို႔ ဝင္ေရာက္မည့္သူမ်ားအေနျဖင့္ ပညာအရည္အခ်င္းအလိုက္ ၅သိန္းမွ ၁၅သိန္းထိေပး၍ စည္း႐ုံးေနရရာမွ

ယခုပိုမို၍ ဝင္ေရာက္မည့္သူရွားပါးလာျခင္းျဖစ္ေၾကာင္း သိရသည္။ ”အရင္က ေရတပ္တို႔၊ ေလတပ္တို႔ ၈တန္းေအာင္၊ ၁၀တန္းေအာင္ဆိုရင္ ၁၀သိန္းေက်ာ္ေပးတယ္။

စုေဆာင္းေရးမွာ အပ္လို႔ေျပစာထြက္ၿပီဆိုရင္ သူ႔ မိသားစုကို ေပးလိုက္တာေပါ့။ေဈးကေတာ့ အမ်ိဳးမ်ိဳးပဲ။

ေျခလ်င္၊ ေျချမန္ဆို သက္သက္တစ္မ်ိဳးရွိတယ္။ ခုက ဘယ္တပ္ထဲသြင္းသြင္း ပညာ အရည္အခ်င္းနည္းလည္း ၂၅သိန္းေလာက္ ေပးတာေတာင္ ရွာရေဖြရခက္ေနတယ္။တပ္သားသစ္ကေ႐ႊထက္ရွားတယ္။ ေ႐ႊကပိုက္ဆံရွိရင္ဝယ္လို႔ရေသးတယ္ ” ဟုအမည္မေဖာ္လိုသည့္ နယ္ေျမအႏွံ႔

တပ္သားသစ္စုေဆာင္းေနသူတစ္ဦးက M P A သို႔ ေျပာသည္။ စစ္အာဏာသိမ္းၿပီးေနာက္ စစ္တပ္၏လုပ္ရပ္မ်ားေၾကာင့္လည္း ယခုကဲ့သို႔ ဝင္မည့္သူရွားပါးလာ၍

ရွာရေဖြရခက္ခဲလာျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။စစ္တပ္အေနျဖင့္ တပ္သားသစ္ရရွိေရး ႐ုန္းကန္ ေနရၿပီး ေျခလ်င္တိုက္ခိုက္ေရးတပ္မ်ားတြင္ပါမက ေရတပ္၊ ေလတပ္၊ လက္႐ုံးဝန္ထမ္းစစ္တပ္မ်ားပါ ဝင္ေရာက္မည့္သူမရွိသေလာက္ ျဖစ္ေနေၾကာင္းသိရသည္။

ထို႔ျပင္ စစ္အာဏာမသိမ္းမီကာလ တပ္သားသစ္စုေဆာင္းေရးႏွင့္ပတ္သက္သည့္ ကန႔္သတ္ခ်က္မ်ားတြင္ အသက္ ၁၈ႏွစ္ မျပည့္သည္ႏွင့္ ကိုယ္ လက္အဂ္ါမစုံသည္မွလြဲ၍ က်န္သည့္ ပညာအရည္အခ်င္း ၄ တန္းေအာင္အထိ ကန႔္သတ္ခ်က္မ်ားျပန္လည္ ေလွ်ာ့ခ်ခဲ့သည္။

ထို႔ျပင္ စစ္အာဏာသိမ္းၿပီးေနာက္ လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ စစ္သည္မ်ား၏ သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသည့္ သာမန္ႏႈတ္ေျဖခြင့္ တင္ျပထားမႈမ်ားကိုပင္ ယာယီဆိုင္းငံ့ထားေၾကာင္း သိရသည္။

Crd-Original Post