ပြည်သူ့မျက်နှာကိုကြည့်ပြီး စစ်ပြေးလုပ်ခဲ့တာကြောင့် ဖခင်ရဲ့နောက်ဆုံးအချိန်မှာတောင် ပြုစုခွင့်မရလိုက်လို့ဝမ်းနည်းနာကျင်နေတဲ့ ဆေးဗိုလ်ကြီး

ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းရေးအခြေအနေမှာဆိုရင် သေဆုံးသူတွေလည်း အများအပြားရှိခဲ့သလို ယနေ့အချိန်ထိ မလွတ်မြောက်သေးဘဲ ဖမ်းဆီးခံထားရသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

လက်ရှိအခြေအနေကိုဆန့်ကျင်ဖို့အတွက် ဝန်ထမ်းတချို့ကလည်း CDM လုပ်ပြီး တတ်နိုင်တဲ့ဝန်ကိုထမ်းခဲ့တာဖြစ်ပါတယ်။စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဝန်ထမ်းတချို့ကလည်း ပြည်သူတွေနဲ့ပူးပေါင်းပြီး တစ်စိတ်တစ်ဝမ်းတည်းရပ်တည်ခဲ့တာကို ကြားသိခဲ့ရပါတယ်။

တပ်မတော်က ဆေးဗိုလ်ကြီးတစ်ယောက်ကလည်း ပြည်သူ့မျက်နှာကိုကြည့်ပြီး တစ်သားတည်းရပ်တည်ခဲ့လို့စစ်ပြေးလုပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ သူ့ရဲ့ဖခင်က ဆုံးပါးသွားတာဖြစ်ပြီး နောက်ဆုံးထွက်သက်အချိန်မှာတောင် အနားမှာမရှိပေးခဲ့နိုင်တာဖြစ်ပါတယ်။

စစ်ပြေးဖြစ်နေချိန်မှာ ဖခင်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘဲမိသားစုကိုထိခိုက်မှာစိုးရိမ်လို့တောင် ဖုန်းမဆက်ခဲ့တာဖြစ်ပါတယ်။သူကတော့ စစ်တပ်ထဲမှာ (၁၆)နှစ်နေခဲ့ပေမယ့်အခုချိန်မှာ ပြည်သူတွေကိုငဲ့ညှာပြီး တစ်သားတည်းရှိနေပေးခဲ့တာဖြစ်ပါတယ်။

ဖခင်ရဲ့နောက်ဆုံးအချိန်မှာ သူတတ်တဲ့ပညာနဲ့ပြုစုခွင့်မရလိုက်လို့ ပိုပြီးခံစားနာကျင်နေရတာပဲဖြစ်ပါတယ်။သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မကျေပွန်လိုက်တဲ့အတွက် အဖေခွင့်လွှတ်ပါစေဆိုပြီး သူရဲ့ခံစားချက်ကိုရေးသားလာတာဖြစ်ပါတယ်။

ွပည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ ဆေးဗိုလ်ကြီးရဲ့စိတ်ဓာတ်ကို ပြည်သူတွေကလည်း လေးစားကြပြီး ဖခင်ဆုံးရှုံးလိုက်ရတဲ့အတွက် ထပ်တူဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd-Original Post